Showing posts with label ရေးမိရေးရာ. Show all posts
Showing posts with label ရေးမိရေးရာ. Show all posts

Thursday, May 14, 2015

ရေးမိရေးရာ

ဘလော့လေးမဖွင့်တာကြာလို့ သတိယလို့ဖွင့်လိုက်မိပြန်တယ်။ ဖွင့်ပီးကာမှ FB ဆီပြန်ရောက်သွား၊ ဒီရက်အတွင်းဒီဆိုဟိုရောက်၊ ဟိုဆိုဒီရောက်နဲ့ ငါနှယ် ဘာဖြစ်နေတယ်မသိ၊ အသက်ရလာလို့ အာရုံစူးစိုက်လို့မကောင်းတော့ဘူး၊ မေ့လိုက်တာလည်းမပြောပါနဲ့၊ သတိထားပြီးနေတာတောင်မေ့တတ်ေ နတယ်၊ ညီမ မဒမ်ကိုးရဲ့စာတွေဖတ်ပြီး စာတွေရေးချင်လာပြန်ရော၊ ရေးလည်းရေးတတ်တဲ့မဒမ်ကိုးပါပဲ။ ရေးချင်ပေမဲ့ အချိန်ကမရ၊ ရေးမယ်လုပ်ပြန်တော့ အလုပ်ကပေါ်လာ၊ ဒီလိုနဲ့ပဲ ဘလော့လေးကိုပစ်ထားနေရတာပါဘဲ။ တချိန်ချိန်တော့အေးအေးဆေးဆေး အားတဲ့ရက်ကိုရောက်လာမှာပါ၊ အဲဒီအချိန်ကျရင်သာ မျက်လုံးကောင်းနေပါစေလို့ဆုတောင်းမိပါရဲ့။ ဟောပြောနေရင်းနဲ့ FB ဆီရောက်သွားပြန်ပီ၊ ဟွန်း.......................ပြောကိုမပြောချင်ဘူး၊ အံ့ပါရဲ့ နော် @@@@@@

အော်ရေးရင်းနဲ့အိပ်ချင်လာပီ..............၀ှါးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘုရားလဲရှစ်ခိုးရအုံးမယ်.......တော်ပီ နောက်နေ့မှပဲဆက်ရေးတော့မယ်*****
ဒီလိုနဲ့ပဲဘလော့လေးလဲ မှိုတက်လာတော့မယ် ..........................


ရေးချိန် 11: 12
14.5.15

Tuesday, February 3, 2015

ဘယ်လမ်းကိုရွေးလျှောက်မလဲ






Add caption













ဒီနေ့ဆရာကြီးမောင်သာရရဲ့စာလေးမန္တလေး ဂေဇက်မှာဖတ်မိတော့ တွေးစရာ ရေးစရာလေးတွေဖြစ်လာပါတယ်။ ပထမဆုံး ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်....ကဲကိုယ်ကိုတိုင်ကော အသက်ကြီးရင်ဘယ်သွားမှာလဲ။ အိမ်မှာပဲသားသမီးတွေနဲ့တူတူနေမှာလား.....ရိပ်သာကိုပဲသွားနေမှာလား....ဘယ်လိုကြိုတင်စဉ်းစားထားလဲအစရှိသဖြင့်ပေါ့
တွေးစရာဖြစ်လာပါတယ်။ ကျန်ခဲ့တဲ့ လေးလလောက်က အမျိုးသားရဲ့ဘက်ကအဘကြီးတယောက် အသက်က ၈၀ ကျော်လောက်ရှိပါပြီ။ သားသမီးတွေထားခဲ့ပြီး ငယ်စဉ်တုံးကနောက်အိမ်ထောင်ပြုပြီး အိမ်ကထွက်သွားတော့ အသက်ကြီးလာချိန်မှာကျန်ခဲ့တဲ့သားသမီးတွေကလည်းသံယောဇဉ်ပြတ်ကာ ကြည့်  ရှုစောင့်ရှောက်လိုစိတ်မရှိပဲ ရန်ကုန်ကသဘာဝတရားရိပ်သာကိုပို့ပေးခဲ့ရပါတယ်။ အဘကြီးမှာ မသွားချင်ပေမဲ့လည်းကြည့်ရှုစောင့်ရှောက်မဲ့သူမရှိပြန်တော့ မသွားချင်ပေမဲ့လည်းသွားခဲ့ရပါတယ်။ သံလျှင်သဘာဝတရားရိပ်သာကိုရောက်ဖူးသူတိုင်းသိကြမှာပါ။ ဘိုးဘွားတွေကလည်းများလိုက်တာမပြောပါနှင့်၊အလှုရှင်တွေလည်းနေ့စဉ်လိုအပ်နေသလို၊ ဘိုးဘွားတွေကလည်းနေ့စဉ်ဝင်လာမဆဲတသဲသဲဆိုပါတော့၊ ဆရာတော်ရဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ကိုမ ချီးကျူးပဲမနေနိုင်ပါ။ သာမန်လူများမလုပ်နိုင်တဲ့အလုပ်တွေကို ပါရမီရှိသူများသာလုပ်နိုင်စွမ်းပါတယ်။ သစ်တပင်ကောင်းငှက်တစ်သောင်းနားဆိုပေမဲ့သစ်တပင်ကောင်းနေတာတောင် ငှက်တစ်သောင်း ကိုနားစေလိုတဲ့စိတ်ရှိမှ၊ စိတ်ရှိတာတောင် နားနိုင်မဲ့ အကြောင်းတရားတွေပြည့်စုံပါမှပါ။
ဘ၀တလျှောက်လုံးမှာ ရှိရှိသမျှလူအားလုံးဟာ ကိုယ့်အထွာလေးနဲ့ကိုယ်သွားနေကြရတာပါ။ အင်အားကြီးနိုင်ငံတွေလောက် ဖက်စလတီမပြည့်စုံပေမဲ့ ကျွန်မတို့မြန်မာတွေ  စေတနာသဒ္ဒါတရား နဲ့ပတ်သတ်လာရင် ဘယ်နိုင်ငံမှ မယှဉ်နိုင်လောက်ပါဘူး။ လက်တွေဘ၀ရဲ့ စားဝတ်နေရေးအတွက်အလုပ်လုပ်ရင်း၊ ကိုယ်ကိုတိုင် အသက်ကြီးလာမဲ့အချိန်ကိုမှန်းရင်း၊ ပြင်ဆင်စရာရှိ တာတွေပြင်ဆင်ထားသင့်နေပါပြီဟုတွေးရင်းနဲ့ပဲ စာလေးကိုအဆုံးသတ်လိုက်ပါတော့တယ်။


ပိုစ်တင်ချိန်။     ။ 1:30 (pm)
                     3.2.15


 


Monday, January 12, 2015

ရင်ထဲရှိတာ ချရေးပါသည်

တဆောင်းကုန်လို့ တနွေရောက်တော့မည်။ တနွေရောက်ပီးတမိုးပြောင်းလိမ့်မည်။ တမိုးပြီးတော့ တဆောင်းသစ်ပြန်အုံးမည်။ ရာသီစက်ဝန်းကလည်းးပုံမှန်လည်ပတ်နေသည်။
တဖြေဖြေး အသက်တွေလဲရလာပါပြီ။ ကိုယ်ကိုတိုင်အသက်ကြီးလာတာကိုသိပ်မခံစားရပေမဲ့ ကို့အောက်ကလေးတွေ ကြီးလာနေတာကိုမြင်နေရတော့သိသိကြီးနဲ့ညာလို့မရပါ။ ဘယ်ဝက်ဆိုဒ်ကြည့်ကြည့် ဘာစာတွေဖတ်ဖတ် လိုရင်းတိုရှင်းရေးတဲ့စာများကိုသာ ပိုကြိုက်လာပါသည်။ အချစ်၊ ၀တ္တူ ကဗျာ တွေလည်းဖတ်ချင်စိတ်လည်းမရှိလာတော့ပါ။ လူတိုင်းမှာ ရှိနေတဲ့ အတ္တကိုမြင်တတ်လာပီ။ ပညာခန်းပြရေးထားသောစာများကို တရားစာမှလွဲ၍ မဖတ်ချင်တော့ပါ။ အမုန်းတွေရှိနေတာကို လူသိမှာစိုးလို့ စကားလုံးလှလှများလှည့်ပတ်သုံးကာ လူမြင်ကောင်းအောင်ချစ်ဟန်ဆောင်နေသူများကိုလည်း လက်မခံချင်တော့ပါ။ ကိုယ်ကိုတိုင် စိတ်ချမ်းသာမှုကို တခြားမှာမရှာပဲ ကိုယ်တိုင်သာရှာတတ်လာနေပါပြီ။ အချိန်လေးတစ်ခုတော့လိုချင်နေပါသည်။ ဘ၀ရဲ့ လက်ကျံအချိန်များကို စာတိုလေးတွေရေးချင်သည်။ တရားလည်းထိုင်ချင်နေပီ ။ ဒါပေမဲ့လတ်တလောမှာနောက်ကြောင်းမအေးသေးပါ။ အားလုံးကိုစိတ်ချမ်းသာစေချင်သည်။ အားလုံးအပေါ်လည်း တာဝန်ကျေချင်သည်။ ဘာကိုမှရှင်းပြချင်သူမဟုတ်ပါ။ အားနာတတ်သည်။ အနစ်နာခံတတ်သည်။ ဒါပေမဲ့ အတ္တနည်းနည်းကျန်သေးသည်ဟု ကိုယ့်ကိုကိုယ်ထင်ပါသည်။ နည်းနိုင်သမျှနည်းအောင် ကြိုးစားရအုံးမည်။ ပိုစ်ရေးချိန်-- 2:09 pm 13.1.2015

Friday, December 5, 2014

December again

ဒီဇင်ဘာဆိုတာ တနှစ်ရဲ့နောက်ဆုံးလဖြစ်သလို ကျောင်းတက်ခဲ့တဲ့နေတွေ အဆောင်နေသူငယ်ချင်းတွေ အားလုံးအားလုံးကို သတိယနေတဲ့နေ့တွေဆိုလည်းမမှားပါဘူး.... ခုတော့လည်း တနေရာဆီမှာ အလုပ်ကိုယ်စီနဲ့ ကျရာတာဝန်တွေထမ်းဆောင်ရင်း နဲ့ သူငယ်ချင်းတွေနဲ့ဝေးကွာနေပါပြီိ... ရောက်နေတဲ့အသက်တွေလည်း ပြောင်းပြန်လှန်လို့ရရင်လှန်လိုက်ချင်ပါဘိ..... သူငယ်ချင်းတွေနဲ့ ပျော်လို့ကောင်းနေတုံးကိုယ်ကသာခွဲထွက်လာခဲ့တာ.. ခုတော့လည်း လွမ်းနေရင်းနဲ့ မတွေ့နိုင်ကြဘူး.... သတိယပေမဲ့လည်း မမေ့နိုင်ကြဘူး..... ချစ်လျှက်နဲ့ခွဲခွာခဲ့ရတယ်ဆိုလည်း ဆိုပါစေ.... ဘယ်တော့မှပြန်မရနိုင်တော့တဲ့ အချိန်လေးတွေဆိုလည်းမမှားပြန်ဘူး...... ဘာပဲဖြစ်ဖြစ် သူငယ်ချင်းများ ပျော်ရွှင်ကြပါစေလို့ဆုတောင်းမိနေရင်း ...... ဒီဇင်ဘာရဲ့ေ၇းမိရေးရာရေးကိုအဆုံးသတ်လိုက်ပါတယ်..... ပိုစ်ရေးချိန်--5-12-14

J ကိုက်သူများ

J ကိုက်တာ A ကိုက်တာထက်ဆိုးတယ် A ကရုပ်ကိုလှိုက်စားတာ J ကစိတ်ကိုလှိုက်စားတာ ပါဠိလိုဆို မစ္ဆေရစိတ် တကယ်တမ်းတော့ မစ္ဆေရိယစိတ်ဆိုတာ အစဉ်သဖြင့် ဖယ်ခွာဘို့ကြိုးစားသင့်တာပေါ့ မဖယ်နိုင်သေးဘူးဆိုတာက ရင့်ကျက်စိတ် မမွေးမြူနိုင်သေးတဲ့သဘော ကိုယ့်ကိုကိုယ် အထင်ကြီးတတ်တာက စိတ်ရောဂါတမျိုး ကျောရရုံကြံကြတာကလည်း အလိုမပြည့်မှုကို ဖြေသိမ့်တာပါဘဲလား မြင်ရရင် ရီစရာကောင်းပါတယ်.......မပြောချင်လို့လွှတ်ပေးလိုက်တာကိဲု အဟုတ်ထင်လဲသူ့ကိစ္စပဲ ဘယ်သူ...ဘယ်နေရာ...ဘယ်လောက်...ဘယ်လိုဆိုတာ ဘယ်သူပြောပြောမပြောပြော သက်သေရှိပြီးသား ကိုယ့်ကိုကိုယ်သာ သေချာပလေစေ....ဖုတ်သွင်းရထားဆိုက်လာလိမ့်မယ်.......................... မိုးဦးဆွေညိန်း