နွေအားလပ်ရက်မှာ ပုဂံသို့ရောက်ခဲ့တယ်။ ဘယ်နှစ်ခါသွားသွား ပျင်းတယ်ရယ်လို့မရှိတာ ရှေးဟောင်းအမွေအနှစ်တွေ ပေါများတဲ့ပုဂံမြေပါဘဲ။ အနော်ရထာမင်းကြီးတည်ခဲ့တဲ့ မင်းနေပြည်တော်ကို အမြန်ရောက်ဖို့စိတ်စောရင်း ခရီးနှင်ခဲ့တာ ခုတော့ရောက်ပါပီ ။
HELLO BAGAN
ပထမဆုံးဖူးတဲ့ ထီးလိုမင်းလိုဘုရားကြီး ခန့်ညားပီး ကျက်သရေရှိတယ်လို့ခံစားရတယ်။
ဒါက သရပါတံခါး ပေါ့ အ၀မုဒ်ဦးမှာ အိမ်တွင်းမင်းမဟာဂီရိနတ်နန်းကိုတွေ့ခဲ့တယ်။
ဧရာဝတီမြစ်ကြီး ကိုကြည့်ပီးစိတ်မကောင်းစရာ သောင်တွေထွန်းနေပေါ့
ဗူးဘုရားပေါ်မှမြင်နေရတဲ့ မြစ်ကြီးဧရာဝတီ
ပုဂံရောက်ရင် အာနန္ဒာဘုရားက မဖူးမဖြစ်ဖူးရမဲ့ ဘုရားပါ။ တံခါးလေးပေါက်မှာ သပ္ပါယ်စွာနဲ့ရှိနေတဲ့ ဘုရားလေးဆူဖြစ်ပီး ရှေ့ကဖူးရင် မျက်နှာတော်က တစ်မျိုး တဲ့တဲ့ဖူးရင်း မျက်နှာတော်ကတစ်မျိုး ဖြစ်နေ တာ သေချာဖူးရင်မြင်နိုင်ပါတယ်။
မြန်မာရိုးးရာ အိုးပုတ်လေးတွေ
ညဘက်မှာ ရွှေစည်းခုံဘုရားဖူးကြတယ်
ရွှေစည်းခုံးဘုရားကြီးက အဝေးကဖူးရင် တောင်ကုန်းပေါ်မှာ တည်ထားတယ်လို့ စိတ်ထဲက ထင်ရပေမဲ့တကယ်တော့မြေပြန့်မှာသာတည်ထား တာကိုတွေ့ရပါတယ်။
လမ်းမှာသွားရင်းလာရင်းတွေ့ခဲ့ရတဲ့ သစ်သားရုပ်ထုလေး
ဘုရားဖူးရင်း မန်ကျည်ပင်အောက်မှာ အကြော်ဝင်စားကြတာ |
ဘုရားဈေးက ၀ယ်ချင်စရာ လက်ဆောင်ဆိုင်ခန်းလေးများ |
![]() | |||||||||
တုရင်တောင်ပေါ်မှ ပန်းနံရံလေး ကြည့်ရင်းနဲ့အေးနေတာဘဲ ပြန်တောင်မဆင်းချင်တော့ဘူး | ။ |
ဘုရားတွေကများတော့ ရေးမယ်ဆို ရေးလို့မကုန်အောင် များလှတာကြောင့် ခရီးစဉ်အချို့ကိုပဲ မှတ်တမ်းတင်ခဲ့ပါတယ်။
အပြန်ခရီးမှာ ဇော်ဝင်းထွဋ် ရဲ့ အားလုံးရဲ့ပုဂံသီချင်းလေး နားထောင်ပြီး နောက်တစ်ခေါက် ပုဂံမြေကို ပြန်လာဖို့တွေးရင်း ပြန်ခဲ့ပါတော့တယ်။
နှုတ်ဆက်ခဲ့ပီ ****** ပုဂံမြေရေ..........