သူတပါးကို အနိုင်မကျင့်တတ်သူသည် ဖြောင့်မတ်တည်ကြည်သူမည်၏ သူတပါးကို အပြစ်မယူတတ်သူသည် ခွင့်လွှတ်တတ်သူမည်၏ သူတပါး၏ အကြောင်းကောင်းမကောင်းကို ဖွေရှာ၍ မကြည့်ပါနှင့် ကိုယ်သာမူလ ပဓါန မို့ ကိုယ်၏ အကြောင်းကောင်းမကောင်းသာ စိစစ်ပါ။
Friday, December 5, 2014
December again
ဒီဇင်ဘာဆိုတာ တနှစ်ရဲ့နောက်ဆုံးလဖြစ်သလို ကျောင်းတက်ခဲ့တဲ့နေတွေ အဆောင်နေသူငယ်ချင်းတွေ အားလုံးအားလုံးကို သတိယနေတဲ့နေ့တွေဆိုလည်းမမှားပါဘူး....
ခုတော့လည်း တနေရာဆီမှာ အလုပ်ကိုယ်စီနဲ့ ကျရာတာဝန်တွေထမ်းဆောင်ရင်း နဲ့ သူငယ်ချင်းတွေနဲ့ဝေးကွာနေပါပြီိ...
ရောက်နေတဲ့အသက်တွေလည်း ပြောင်းပြန်လှန်လို့ရရင်လှန်လိုက်ချင်ပါဘိ.....
သူငယ်ချင်းတွေနဲ့ ပျော်လို့ကောင်းနေတုံးကိုယ်ကသာခွဲထွက်လာခဲ့တာ..
ခုတော့လည်း လွမ်းနေရင်းနဲ့ မတွေ့နိုင်ကြဘူး....
သတိယပေမဲ့လည်း မမေ့နိုင်ကြဘူး.....
ချစ်လျှက်နဲ့ခွဲခွာခဲ့ရတယ်ဆိုလည်း ဆိုပါစေ....
ဘယ်တော့မှပြန်မရနိုင်တော့တဲ့ အချိန်လေးတွေဆိုလည်းမမှားပြန်ဘူး......
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းများ ပျော်ရွှင်ကြပါစေလို့ဆုတောင်းမိနေရင်း ......
ဒီဇင်ဘာရဲ့ေ၇းမိရေးရာရေးကိုအဆုံးသတ်လိုက်ပါတယ်.....
ပိုစ်ရေးချိန်--5-12-14
Labels:
ရေးမိရေးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment