Thursday, December 19, 2013

စိတ်ဓါတ်အကျဆုံးအချိန်



  
 စိတ်ဓာတ်အကျဆုံးအချိန်
လူတွေ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ်အချိန်လဲလို့တရားချစ်ခင် သူတော်စင်ပရိသတ်တို့ သိဖို့လိုတယ်နော်၊ လူတိုင်းလူတိုင်း နောက်ဆုံးကြုံတွေ့ရမယ့် “တစ်နေ့သောအချိန်” ဆိုတာဘယ်အချိန်လဲ? သေခါနီးအချိန်ပေါ့။ လူတိုင်းလူတိုင်း မရှောင်လွှဲနိုင်ဘူး၊ တစ်နေ့ကျတော့ ကြုံတွေ့ရမယ်ဆိုတဲ့ နောက်ဆုံးအချိန်မှာ စိတ်အားအငယ်ဆုံး၊ စိတ်ဓာတ်အကျဆုံး အချိန်လို့ ဆိုလိုတယ်။

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
ပညာနဲ့ဆင်ခြင်ပြီးမှ လုပ်သင့်ပုံ
အဲဒီအချိန်မှာ ကျန်တဲ့သူတွေက ဘာလုပ်သင့်သလဲ၊ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ ဘာတွေလဲ၊ ခုခေတ်မှာ ဘာတွေလုပ်နေကြလဲ၊ ဒါကိုလေ့လာသုံးသပ်ပြီးကြည့်ဖို့လိုတယ်၊ ကိုယ်လုပ်တဲ့အလုပ်တွေဟာ မှန်ကန်မှုရှိရဲ့လား၊ ခုခေတ်လူတွေလုပ်နေကြတာမှန်ကန်မှုရှိရဲ့လား၊ တကယ် “အားပေးစကား” ပြောတာ ဟုတ်ရဲ့လား၊ အားပေးစကားပြောတာမျိုးမဟုတ်ဘဲချောက်တွန်းတာမျိုး ဖြစ်နေသလားလို့ စဉ်းစား ဆင်ခြင်သင့်တယ်။ မစဉ်းစားဘဲလုပ်တဲ့ လုပ်ရပ်မှန်သမျှဟာ ကောင်းကျိုးချမ်းသာကို မပေးနိုင်ဘူး၊ အရာရာဟာ ပညာနဲ့ဆင်ခြင်ပြီးတော့မှလုပ်သင့်တယ်။
စဉ်းစားဖွယ်
မဟာနာမဆိုတဲ့ သာကီဝင်မင်းဟာမြတ်စွာဘုရားနဲ့ ညီအစ်ကိုတစ်ဝမ်းကွဲတော်တယ်၊ ရှင်အနုရုဒ္ဓါ မထေရ်မြတ်နဲ့ ညီအစ်ကိုအရင်းတော်တယ်။အဲဒီ မဟာနာမသာကီဝင်မင်းကြီးဟာ သုဒ္ဓေါဒနမင်းကြီးတို့ ဘဒ္ဒိယမင်းတို့ မရှိတဲ့နောက်မှာကပိလ၀တ်ကို အုပ်ချုပ်တဲ့နောက်ဆုံးမင်းလို့ပြောရမှာပေါ့။ အဲဒီ မဟာနာမ မင်းဟာ သာသနာတော်အဆင့်အတန်းနဲ့ပြောရမယ်ဆိုရင် သကဒါဂါမ်အဆင့်ဖြစ်တယ်။ သကဒါဂါမ်အဆင့် နဲ့ကံကုန်သွားတယ်။ ဘ၀တစ်သက်တာမှာသကဒါဂါမ်အဆင့်အနေနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်။ နောက်ဆုံး ၀ိဋဋူပကျးကျော်တိုက်ခိုက်ပြီး သာကီဝင်မင်းတွေ အပြတ်ချေမှုန်းရေးစစ်ပွဲမှာ မဟာနာမမင်းကြီးအဖမ်းခံရတယ်၊ အဖမ်းခံရတယ်ဆိုသော်လည်း ၀ိဋဋူပ ကသူ့ရဲ့မြေးတော်နေသည့် အတွက်ကြောင့်ကောင်းကောင်းမွန်မွန်ထားတယ်၊ သို့သော်လည်းစာပေထဲမှာ သာဝတ္ထိအပြန်လမ်းခရီးမှာ ဆံထုံးကိုခြေမကြားမှာညှပ်ပြီး ရေအိုင်ထဲမှာ ငုပ်လျှိုးသွားတယ်လို့ပါတယ်။
ဒီနေရာမှာ စဉ်းစားစရာကောင်းတာကသူကသကဒါဂါမ်လို့လည်းဆိုသေးတယ်၊ရေထဲမှာနှစ်မြှုပ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတယ် Suicide လုပ်တယ်၊ဒါမျိုးမဖြစ်နိုင်ဘူးလို့ထင်တယ်၊သောတာပန် ပုဂ္ဂိုလ်တောင် ကိုယ့်ကိုယ်ကို လုပ်ကြံသတ်ဖြတ်တာမျိုးမလုပ်တော့ဘူး။ ဒီတော့မဟာနာမ မင်းကြီးဟာ သူ့ကိုယ်သူ သေကြောင်းကြံသွားတယ်ဆိုတာ ဟုတ်ချင်မှဟုတ်မယ်ပေါ့။ ရေကန်ထဲရေဆင်းချိုးရင်း သူ့ရဲ့သီလအစွမ်းတန်ခိုးတွေကြောင့် သူ့ကိုကြည်ညိုတဲ့လူသားမဟုတ်တဲ့ ရေကန်စောင့်နတ်တွေနဂါးတွေ က (စာထဲမှာပါတာနဂါးတွေက နဂါးပြည်ကို)ခေါ်သွားပြီးတော့နဂါးပြည်မှာ ၁၂ နှစ်ကြာနေထိုင် တယ်လို့ ပြောတယ်။ အဲဒီလို ခေါ်သွားတာဖြစ်လောက်တယ်၊ ရေကန်ထဲမှာဆင်းပြီးတော့ ရေချိုးရင်းကနေပြီး ပျောက်ဆုံးသွားတယ်ပေါ့။ အဲဒီ မဟာနာမမင်းကြီးနဲ့ ပတ်သက်တဲ့သုတ္တန်တွေဟာ စာပေကျမ်းဂန်မှာ တော်တော်များများရှိတယ်။
အားပေးစကားအလိုအပ်ဆုံးအချိန်
မြတ်စွာဘုရားက မဟာနာမကိုဘာအဆုံးအမ ပေးထားသလဲဆိုရင် “အမျိုးသားဥပါသကာ တစ်ယောက်ဖြစ်စေ၊ အမျိုးသမီးဥပါသိကာမတစ်ယောက်ဖြစ်စေစဉ်းစားဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာစဉ်းစား ဥာဏ်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အချိန်အခါမျိုးမှာ အားပေးစကားပြောရမယ်၊ ဆုံးမစကားပြောရမယ်”လို့ပြောတာ။
အဲဒီအချိန်မှာ စိတ်ဓါတ်အကျဆုံး၊အားအငယ်ဆုံးဖြစ်တတ်သည့်အတွက် အားပေးစကားပြောဖို့လို တယ်၊ ဒါကိုလူတိုင်းလူတိုင်း တစ်နေ့မကြုံတစ်နေ့တော့ကြုံတွေ့ကြရမှာပဲ။
လူတိုင်းလူတိုင်းမွေးလာတဲ့အချိန်ကနေစပြီး တစ်နေ့တစ်နေ့ ဘယ်ကိုသွားနေတာ တုန်းဆိုရင် အိုခြင်း ဆီသွားနေတာ။အိုခြင်းကနေဘယ်ကိုသွားနေတာတုန်းဆိုရင် နာခြင်းဆီသွားနေတာ၊ နာခြင်းကနေ ဘယ်ကိုသွားနေတာတုန်းဆိုရင်သေခြင်းဆီသွားနေတာ၊ ဒါကြောက်စရာစကားမဟုတ်ဘူး၊ တချို့ကသေ စကားပြောရင် မင်္ဂလာမရှိဘူး နိမိတ်မရှိဘူး၊ဒီလိုထင်တယ်၊ မသေမှာကျနေတာပဲနော်။
ကိုယ်ဘယ်ကိုသွားနေတာတုန်းဆိုတာသိဖို့မလိုဘူးလား၊ ကိုယ်ဘယ်သွားနေတယ်ဆိုတာ သိရမယ်။ မသိတာကတော့ ပညာမဲ့လွန်းအားကြီးတာပေါ့။လူတွေကပြောကြတယ် “ဘယ်မှမသွားဘူး အိမ်မှာ နေတာ”။ သို့သော် အိမ်နေရင်း အသက်ကကြီးကြီးမသွားဘူးလား၊ကြီးသွားနေတော့ ဘယ်သွားနေ သလဲလို့ထင်တုန်း၊ အိုတဲ့ဆီသွားနေတာ၊ အိုတဲ့ဆီကနေပြီးတော့နာတဲ့ဆီမရောက်ဘူးလား၊ အေးနာတဲ့ ဆီကနေ နောက် ဘယ်ရောက်သွားတုန်း။
ဆရာတော်ကြီးတစ်ပါးကကမ္မဋ္ဌာန်း နှလုံးသွင်းခိုင်းသလိုပဲ၊ “ခံနိုင်ရင်ခံမခံနိုင်ရင်သေ” ဆိုတာ၊ဟုတ်တယ်မဟုတ်လား၊ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲကို ခံနိုင်တဲ့အခြေအနေရှိတဲ့အချိန်မှာခံနေပြီး တော့မခံနိုင်တဲ့ အခြေအနေမှာသေသွားတာပေါ့။ အဲဒီသေခြင်းဆင်းရဲနဲ့ လူ့ဘ၀ဟာအဆုံးသတ်ကြရတယ်၊ မြတ်စွာဘုရားလည်း ဒီလိုပဲ အဆုံးသတ်တယ်၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့လည်းဒီလိုပဲ အဆုံးသတ်တယ်။ သို့သော် အဆုံးသတ်ကလေးကောင်း အောင်လုပ်ပေးလို့ရတယ်။ လူတွေဟာ အဆုံးသတ်ကောင်းဖို့အတွက်၊အသေကောင်းဖို့အတွက် အနေကောင်းဖို့ဆိုတာ လည်း လိုအပ်တယ်လို့ ပြောကြတယ်နော်။ လူတွေရဲ့စိတ်ဓာတ်ဆိုတာကနောက်ဆုံးအချိန်ရောက်လို့ရှိရင် အားငယ်တတ်တယ်၊ ဒီလိုအားငယ်လာ လို့ရှိရင် အားပေးစကားပြောရမယ်။

ဖတ်စရာ ၊ မှတ်စရာ

Be patient, but don’t be dull and stupid.
                           
သည်းခံ ခွင့်လွှတ်ပါ၊ သို့သော် ထုံထိုင်းတဲ့ လူညံ့မဖြစ်ပါစေနဲ့ ။

Treat respectfully, but don’t be slave.

ကျိုးနွံစွာ ဆက်ဆံပါ၊ သို့သော် ကျွန်မဖြစ်ပါစေနဲ့ ။

Be brave, but don’t be lunatic.

သတ္တိရှိရှိနေပါ၊ သို့သော် လူမိုက်မဖြစ်ပါစေနဲ့ ။

Be active, but don’t be nervous.

ဖျတ်ဖျတ်လတ်လတ်နေပါ၊ သို့သော် ပြာတာတာ မဖြစ်ပါစေနဲ့ ။

Be frugal, but don’t be cheese paring.

ခြိုးခြံချွေတာပါ၊ သို့သော် ကပ်စေးမနည်းပါနဲ့။

Donate generously, but don’t be just for show.

ဆီးချိုပျောက်နည်းမျာစွာထဲက နည်းလမ်းလေးတစ်ခု ....( ဆီးချိုနဲ့ ဆင်တုံးမနွယ်)





အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည်။ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာ ဆေးပညာကို ကျွမ်းကျင်ပါတယ်။

ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

Monday, December 16, 2013

အရွယ် အရွယ် အရွယ်




ပထမအရွယ် ကျော်လို့ ဒုတိယအရွယ်ကိုရောက်လာပီပေါ့။ ဒုတိယအရွယ်လည်းဘာလို့လို့နဲ့တ၀က်ကျိုးတော့မယ်။ ရှေ့ကိုဘာတွေဆက်လုပ်လို့ ဘာဖြစ်မယ်လည်း ကြိုမသိ။ အလုပ်များတာကို အကြောင်းပြပြီး တရားတွေလည်း လက်လွတ်နေမိတာကို ကိုယ်ဘာသာကိုယ်သိနေပြန်တယ်။ဘာပဲဖြစ်ဖြစ်ကိုလုပ်တဲ့အလုပ်တိုင်းကုသိုလ်အကုသိုလ်၊ လောဘ၊ ဒေါသ၊ မောဟ ဆိုတာကိုတော့ သိနေမိပါတယ်။ တဖြေးဖြေးနဲ့ ရောက်လာတော့မဲ့တတိယအရွယ်ကို ဘယ်လို ဖြတ်သန်းရမလဲ အဲဒီအချိန်တွေအတွက် ခုထဲက ပြင်ဆင်စရာရှိတာပြင်ဆင်ထားမှ ပဲ         တတိယအရွယ်ဆိုတာ ရုပ်ကလည်းအို၊ နာမ်ကလည်း အိုလာပါပြီ။ ရုပ်ကလဲ အိုလာပြီဆိုရင် ထိုင်ရ၊ ထရတာ လည်း အဆင်မပြေတော့သလို ထိုင်တဲ့အခါမှာလည်း ကြာကြာမထိုင်နိုင်တော့ပါဘူး။ ဆယ့်ငါးမိနစ် တစ် ခါ လောက် ပြင်ပြင်နေရပါတယ်။ တချို့ဝတဲ့သူတွေဆိုရင် ထိုင်ရတာ တော်တော်လေး ခက်ခဲပါတယ်။ တစ် ချို့ဆိုရင် လူတွဲနဲ့မှ ထိုင်နိုင် ထနိုင် ပါတယ်။ ဒါဟာ ရုပ်အိုခြင်းရဲ့လက္ခဏာပါ။
နာမ်အိုတယ်ဆိုတာက သတိတွေမေ့မေ့နေတာပါ။ ဥပမာ အခန်းထဲဆေးယူသွားမယ်ဆိုပြီး ၀င်သွား၊ အခန်း ထဲကျတော့ ငါဘာယူမလိုပါလိမ့် ဆိုပြီး မေ့နေ၊ အခန်းထဲကနေ အပြင်ပြန် ထွက်လာပြီးမှ သြော်ငါ ဆေးယူဖို့ ၀င်သွားတာပဲဆိုပြီး သတိရပြီး အခန်းထဲ ပြန်ဝင်ရ၊ ဒါ နာမ်အိုမှုရဲ့ လက္ခဏာတချို့ပါ။
တရားထိုင်တဲ့အခါမှာလည်း ရုပ်အိုလာတဲ့အတွက် ကြာကြာမထိုင်နိုင်၊ ကြာကြာမထိုင်နိုင်တော့ မကြာခ ဏပြင်၊ မကြာခဏပြင်တော့ သမာဓိပျက်၊ နောက် နာမ်ကအိုလာတဲ့အတွက် ကမ္မဌာန်းအာရုံပေါ်မှာ သတိ ကကောင်းကောင်း မကပ်နိုင်တော့ပါဘူး။ နာမ်နဲ့လုပ်ရတဲ့အလုပ်မှာ နာမ်က အိုသွားတဲ့အ တွက် ကောင်းကောင်းအလုပ် မလုပ်နိုင်တဲ့သဘောပါ။ ဒီတော့ သမာဓိက တော်တော်နဲ့မဖြစ်၊ သမာဓိ မဖြစ်တော့ ဥာဏ်စဉ်တွေက မထင်နဲ့၊ ကမ္မဌာန်းဆရာက တရားစစ်တဲ့ အခါကျတော့ ရှေ့ကယော ဂီငယ်ငယ် ကလေးမလေးတွေက ” ဘယ်လိုမှတ် လိုက်တယ်ဘုရား၊ ဘယ်လိုမှတ် လိုက်တယ်ဘုရား နဲ့” လျှောက်စရာတွေ တစ်လှေကြီးနဲ့ လျှောက်သွား၊ ကိုယ့် မှာတော့ ဘာမှလျှောက်စရာမရှိ၊ ဒီတော့ စိတ် ဓါတ်တွေကျပြီး အိမ်ပြန်ချင်စိတ် ပေါက်လာ၊ အိမ်ပြန်ရောက်ပြီး နောက် တခါတရားဝင်ဖို့ သားသမီးတွေက တိုက်တွန်းရင်တစ်ကြိမ်တည်း နဲ့ သေမလောက် ကြောက်သွား တော့ တာပါပဲ။
ဒါ တတိယအရွယ်လို့ခေါ်တဲ့ ရုပ်နာမ်အိုခြင်းရဲ့ ဆိုးပြစ်လက္ခဏာတွေပါပဲ။ နောက် တတိယအရွယ် ရဲ့ ဆိုး ကျိုး လည်းတစ်ခုရှိပါသေးတယ်။ ယောဆရာတော်ဘုရားရဲ့ တရားတွေထဲမှာ အိုလာပြီ ဆို ရင် ” အိုပယ်ဖြစ်တတ်တယ်ဆိုတဲ့စကားလုံးလေးမကြာခဏပါလေ့ရှိပါတယ်။ အိုပယ်ဆိုတဲ့စကားလုံးက လေးကသိပ်လှ တာပါ။ အိုလာပြီဆိုရင် ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေက ကိုယ့်ကို ပယ်ထားလိုက်တာပါ။
ထမင်းကျွေးရုံ၊ အ၀တ်ဆင်ရုံကလွဲလို့ အကြံဥာဏ်ယူတာ တိုင်ပင်ဆွေးနွေးတာတွေ မရှိတော့ပါဘူး။ ကိုယ့်နဲ့ ခပ်လှမ်းလှမ်း မှာမြေးတွေက တိုးတိုး တိုးတိုးနဲ့ စကားပြောနေမယ်။ ကိုယ်က ဒါကို          ဟဲ့ မြေးတို့ ဘာတွေပြော နေတာ လဲ လို့ သွားမေးမယ်။ ဒီတော့ မြေးတွေက အို ဒါလူကြီးတွေရဲ့ ကိစ္စမဟုတ်ပါဘူး၊ လူငယ်ကိစ္စပါလို့  ပြန်ပြော ခံရ။ တချို့ဆို ငွေကြေးချမ်းသာပါရဲ့၊ ပညာလည်းတတ်ပါရဲ့၊ မိသားစုအသိုင်း အ ၀ိုင်းကလည်းပေါပါရဲ့၊ သတင်းစာ စာအုပ် ကြော်ငြာလေးကိုဖတ်ပြီး ” သားရေ အရှင်ဆန္ဒာဓိက ရဲ့ နောက် ဆုံးထွက်စာအုပ်ကလေး ၀ယ်ခဲ့ပါဦး” လို့ မှာဖြစ်လိုက်ပါရဲ့။ တစ်ရက်လာလည်း ပါမလာ၊ နှစ် ရက်လာ လည်း ပါမလာ၊ ရက်တွေသာကြာသွားတယ်၊ လိုချင်တဲ့စာအုပ်ကမရ၊ ကိုယ်တိုင်ထွက်ဝယ် ဖို့ကျတော့လည်း ကားရှိပေမယ့် မောင်းပို့မယ့်သူမရှိ၊ ဒါတွေဟာ အိုပယ်ရဲ့ ထင်ရှားတဲ့လက္ခဏာဆိုး တချို့ပါ။ တခြားဒီထက် ဆိုးတဲ့ ကိစ္စတွေလည်း ရှိချင်ရှိဦးမှာပါ။
တကယ်လို့သာ ပထမအရွယ်မှာ တရားကို ကြိုးကြိုးစားစား အားထုတ်ခဲ့ရင် သူတို့ဘယ်လောက်ပဲ ” အိုပယ်” လုပ်ထားလုပ်ထား၊ ကိုယ်က ကိုယ့်ဝိပဿနာတရားလေးနဲ့ နေနေလိုက်ရင် ” အိုပျော်” ဖြစ် သွားမှာပါ။ ၀ိ  ပဿ နာတရားဆိုတာ တစ်ယောက်တည်း တစ်စိတ်ထည်းအားထုတ်ရတာဆိုတော့ သူတို့ အိုပယ်လုပ်လေ ကိုယ့်အ တွက် တရားမှတ်ရတာ အကောင်းဆုံးဖြစ်လေပါပဲ။ တရားထူးတရားမြတ်ရ တာ ကို ခဏ ထားလိုက် ပါဦး။ လူ့ ဘ၀ သက်တမ်းကို ယေဘုယျ ခုနှစ်ဆယ့်ငါးနှစ်နဲ့တွက်လိုက်ရင် အ သက်နှစ်ဆယ့်ငါးနှစ် အတွင်း ဟာ တရား အားထုတ်ဖို့ ပထမအကောင်းဆုံးအရွယ်ပါ။ အသက်ငါးဆယ် အတွင်းဟာ တရားအားထုတ်လို့ ဒုတိယ အ ကောင်းဆုံးပါပဲ၊ ကျန်တဲ့ တတိယအရွယ်သက်တမ်းကို တော့ဆက်မပြောပါရစေနဲ့တော့။  ကိုယ့် အရွယ်ကိုယ်ပြန်ကြည့်ပြီးဆုံးဖြတ်ဖို့ပဲလိုပါတယ်။ 
       လူ့ဘ၀ကိုရလာတယ်။ လူ့ဘ၀ကိုရလာပြီး လူ့ဘ၀ရဲ့ အနှစ်သာရဖြစ်တဲ့ ၀ိပဿနာတရားလေးမှ အား ထုတ် မ သွား ရဘဲ သေသွားမယ်ဆိုရင် လူ့ဘ၀ကို ရလာတာ ဘာမှအဓိပ္ပါယ်မရှိတော့ဘူ။ လူဆိုတာသေမျိုးပါ။ မသေခင်လေးမှာ ဒီဝိပဿနာတရားလေးတော့ ကုသိုလ်ဖြစ် လောက်ပဲဖြစ် ဖြစ်၊ ဗဟုသုတဖြစ် လောက် ပဲဖြစ် ဖြစ် ၊ ပါရမီပါသွားအောင် အားထုတ်သွားသင့်ပါတယ်။ လောကီထဲမှာ နေနေကြတာ ဆို တော့ လော ကီ အာ ရုံ တွေနဲ့တော့ ကင်းလို့မရပါဘူး၊ ဒါပေမယ့် မော်ဒန်တွေ ၊ ပို့စ်မော်ဒန်တွေ၊ မန်ယူတွေ၊ အာစင် နယ်တွေ၊ နှစ်လုံး သုံးလုံးတွေ၊ ရားထူးဌာနန္တရတွေ၊ အပြန်အလှန် တုံ့ပြန်မှု တွေ၊ အောင်မြင် ကျော် ကြား မှုတွေနောက် တစ် ကောက်ကောက်လိုက်နေရမှု တွေနဲ့တော့ အရွယ်သုံးပါးလုံးကိုအချိန်ကုန် မ သွားသင့်ပါ ဘူး။ ဒါတွေကို ကိုယ့်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခု အနေနဲ့ပဲ သဘောထားသင့်ပါတယ်။ ဘ၀ရဲ့ အဓိက အခန်း ကဏ္ဍထဲမှာ ရှိမနေသင့်ပါ ဘူး။” ဘယ်အရွယ်မှာ တရားအား ထုတ် လို့ အကောင်းဆုံးလဲလို့ ” မေးလာခဲ့ရင် ပထမအရွယ် ပါပဲ၊ဘ၀မှာတကြိမ်သာရတဲ့ နုပျိုခြင်းကို ၀ိပဿနာအရာ မှာ ကောင်းကောင်း ကြီးအသုံးချပစ်လိုက်စမ်းပါ…။


                                                                                           ရဝေနွယ်(အင်းမ) website မှ ကူးယူပါသည်

သင်ဘယ်စရိုက်လဲ သိချင်လား



စရိုက်( ၆) ပါး

၁။ရာဂစရိုက် -    ၀တ္ထုကာမ၊ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်၊
၂။ဒေါသစရိုက်-   အာဃာတ၊ဣဿာ၊မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်၊
၃။မောဟစရိုက်-  ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်၊
၎။သဒ္ဓါစရိုက်-     ယုံကြည်လွယ်လေ့ရှိသောအကျင့်၊
၅။ဝိတက်စရိုက်-  စိတ်ကူးယဉ်တတ်သောအကျင့်၊
၆။ပညာစရိုက်      အရာအရာ၌ အကြောင်းအကျိုးအကောင်းအဆိုးတို့ကိုဆင်ခြင်တတ်သောအကျင့် ဟူ၍ စရိုက်အပြား ၆-ပါးရှိပါသည်။


စရိုက် (၆) ပါးနှင့် သင့်လျော်သောကမ္မဋ္ဌာန်း

၁။       The greedy nature person ရာဂစရိုက်ရှိသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိ ဤ ၁၁-ပါးသောကမ္မဋ္ဌာန်းတို့နှင့် သင့်လျောင်ပေသည်။)
၂။       The angry nature person ဒေါသစရိုက်ရှိသောသူသည် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဟူသော အပ္ပမညာ ၄-ပါး၊ နီလ၊ပီတ၊လောဟိတ၊သြဒါတ ဟုဆိုအပ်သောဝဏ်ဏကသိုင်း ၄-ပါး၊ဤ ၈-ပါးသော ကမ္မဋ္ဌာန်းတို့နှင့်သင့်လျော်သည်။
၎။       The deluded nature person and pondering nature person  မောဟနှင့် ၀ိတက်စရိုက်ရှိသောသူသည် ထွက်လေ၀င်လေကို နှာသီးဖျား၌ရှုမှတ်သော အာနာပါနဿတိကမ္မဋ္ဌာန်းနှင့် သင့်လျော်သည်။
၅။       The faithful nature person သဒ္ဓါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုဿတိ၊ဓမ္မာနုဿတိ၊သံဃာနုဿတိ၊သီလာနုဿတိ၊စာဂါနုဿတိ၊ဒေ၀တာနုဿတိ ဤ ၆-ပါးသောကမ္မဋ္ဌာန်းတို့နှင့်သင့်လျော်သည်။)
၆။       The intelligent nature person ပညာစရိုက်ရှိသောသူသည် မရဏာနဿတိ၊ဥပသမာနုဿတိ၊(နိဗ္ဗာန်ကို အာရုံပြုခြင်း) စတုဓာတု၀၀တ္ထာန် 
 
 ရာဂနှင့်သဒ္ဓါစရိုက်ရှိသောသူသည် ပကတိ သွားမြဲသွားသည်ရှိသော် ယဉ်ယဉ်ကျေးကျေး တင့်တင့်တယ်တယ်ရှိသည်၊ ဖြည်းဖြည်းသာခြေကို ချသည်၊ညီညီကြွသည်၊လုပ်မူကိုင်မူတို့၌ ယဉ်ကျေးသေသပ်သည်၊အချို့အဆိမ့်စားသောက်ဖွယ်တို့နှင့်အမွှေးအကြိုင်တို့ကိုကြိုက်နှစ်သက်တတ်သည်။ ထိုနှစ်ခု၏ထူးခြားချက်ကာ- ရာဂစရိုက်ရှိသောသူသည် ကာမဂုဏ်အာရုံများကို စွဲမက်တတ်သည်၊ပရိယာယ်မာယာ အလိမ်အကောက်များသည်၊မာနကြီးသည်၊ လိုချင်လောဘများသည်။

သဒ္ဓါစရိုက်ရှိသောသူသည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိသည်၊ ဘုရားကိုပူဇော်ခြင်း၊တရားတော်ကို နာယူခြင်း၊ သံဃာတော်များကို ၀ပ်တွားဆည်းကပ်ခြင်းအလေးအမြတ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။

ဒေါသနှင့် ပညာစရိုက်ရှိသောသူသည် အသွားအလာ၊အနေအထိုင်၊အပြောအဆို ကြမ်းကြမ်းတမ်းတမ်း ကတိုက်ကရိုက်ရှိသည်၊လုပ်မူ၊ကိုင်မူတို့၌ယဉ်ကျေးသေသပ်ခြင်းမရှိလှ၊အချဉ်၊အငန်၊အစပ်၊အခါး၊စူးရှသော အစာအာဟာရကို ကြိုက်နှစ်သက်တတ်သည်၊မကောင်းသော အဆင်း၊အသံစသည်နှင့် တွေ့ကြုံသောအခါ သည်းခံချုပ်တည်းခြင်းမရှိဘဲ ဆဲဆိုငေါက်ငမ်း ကြမ်းတမ်းစိတ်တိုလွယ်သည်။ သူတို့နှစ်ဦး၏ထူးခြားချက်ကာ-ဒေါသစရိုက်ရှိသောသူသည် ရန်ငြိုးဖွဲ့ မူ၊ငြူစူမူ၊သူတပါးဂုဏ်ကို ဖျက်ဆီးလိုမူ၊ဂုဏ်တုဂုဏ်ပြိုင်ပြုလိုမူ၊အဆုံးအမခက်ခဲမူတို့ဖြစ်လေ့ရှိသည်။
ပညာစရိုက်ရှိသောသူသည် စားသောက်ဖွယ်တို့၌ နှိုင်းနှိုင်းချိန်ချိန် စားသောက်လေ့ရှိသည်။ သံသရာနောင်ရေးကို သတိပညာဖြင့် ကောင်းစွာမြော်မြင်လေ့ရှိရကား ဂတိကောင်း၍ ထက်ထက်မြက်မြက်ရှိအောင် ပါရမီကုသိုလ်များကို လုံ့လသန်သန်ဖြင့် မှန်မှန်ကြိုးစားလေ့ရှိသည်။ မောဟနှင့်ဝိတက်စရိုက်ရှိသောသူသည် ယမ်းဖယ်ယမ်းဖယ်သွားလေ့ရှိသည်၊ ကြောက်ရွံ့ လျက်ခြေကို ချသည်၊ကြွသည်၊မေ့မေ့လျော့လျော့ရှိသည်၊လုပ်ငန်းကိစ္စရှုပ်ရှုပ်ထွေးထွေး ပွေပွေလိမ်လိမ်ရှိသည်၊ စားသောက်မူ၌လည်း အဘယ်အစာကိုကြိုက်နှစ်သက်တတ်သည်ဟူ၍မရှိ၊မိမိအစွမ်းဖြင့် မည်မည်ရရ ပြောလောက်ဆိုလောက်အောင် ပြီးမြောက်သည်ဟူ၍မရှိတတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို နှိုင်းချိန်ခွဲခြား၍ မသိတတ်၊ အရပ်အရပ်ကိစ္စမှာ သူတကာ၏နောက်လိုက်သာဖြစ်ရသည်၊ သူများချီးမွမ်းသည်ကို နောက်က လိုက်၍ချီးမွမ်းတတ်သည်၊ သူများကဲ့ရဲ့သည်ကိုလည်း နောက်ကလိုက်၍ကဲ့ရဲ့တတ်သည်၊ သတိပညာကင်းလျက်ထိုင်းမှိုင်းခြင်း၊ပျံ့လွင့်ခြင်းတို့နှင်သာ အချိန်ကိုကုန်လွန်စေသည်။ ထိုစရိုက် နှစ်ပါးသည် ထူးမခြားနားဖြစ်၍ုထိုထိုအမှုကိစ္စ၌ စကားတွေပေါလျက် ကိစ္စမချောဘဲမျော၍သာနေတတ်သည်။လူပေါ်ကျော့၊လူလေ၊လူလွင့်တို့နှင့် ပျော်မွေ့ကာ အကြံများလျက်အလကားလူပိုတွေသာဖြစ်တတ်သည်။
ရာဂစရိုက်ရှိသောသူသည် နှလုံးသွေးနီသည်။ ဒေါသစရိုက်ရှိသောသူသည် နှလုံးသွေးညိုသည်။ မောဟစရိုက်ရှိသောသူသည် အမဲသားဆေးသော ရေလောက်သာနှလုံးသွေးရောင်ဖျော့သည်။ သဒ္ဓါစရိုက်ရှိသောသူသည် နှလုံးသွေးဝါသည်။ပညာစရိုက်ရှိသောသူသည် ပတ္တမြားကြောင်မျက်ရွဲကဲ့သို့နှလုံးသွေးပြိုးပြိုးပြက်ရှိသည် ဖြူသည်။ဝိတက်စရိုက်ရှိသောသူသည် ပဲပြုတ်ရေ အဆင်းကဲ့သို့ နှလုံးသွေးရောင်ရှိသည်။ ထိုစရိုက်တို့ဖြစ်ရခြင်းမှာ ရှေးကံအကြောင်းမကင်းပေ၊ ရှေးဘ၀က ကုသိုလ်ကောင်းမူပြုလုပ်သောအခါ လောဘခြံရံ၍ ပြုလုပ်ခဲ့လျှင်လောဘစရိုက်ရှိတတ်သည်၊ ဒေါသခြံရံ၍ ပြုလုပ်ခဲ့လျှင် ဒေါသစရိုက်တတ်သည် စသည့်ဖြင့်မှတ်ပါလေ။
ကဲ စာဖတ်သူရေ တင်ပြခဲ့တဲ့အချင်းအရာတွေက မိမိနှင့်အကုန်မတိုက်ဆိုင်ရင်တောင် မိမိကိုယ်ကိုတော့ ဘာစရိုက်တွေအားကြီးနေတယ်ဆိုတာ သိကြပါလိမ့်မယ်။ မိမိကိုယ်ကို သိပြီးတာနဲ့အမျှ မိမိက ရာဂစရိုက်အားကြီးနေတယ်ဆိုလျင် ရာဂအားမကြီးအောင် မြတ်ဗုဒ္ဓချပေးခဲ့တဲ့နည်းလမ်းအတိုင်းလေး ကျင့်သုံးသွားဖို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က လူ့ဘ၀ကို ပိုင်ဆိုင်ထားတာဆိုတော့ ပြုပြင်လို့ရတဲ့ အချိန်အခါကောင်းမှာ ပြုပြင်ပြောင်းလဲပြီးနေသွားဖို့ရယ်၊ ပြုပြင်ပြောင်းလဲပြီးနေသွားတာနဲ့အမျှ သံသရာထဲမှာကျင်လည်ရဦးမယ်ဆိုရင် ကောင်းသောစရိုက်တွေကို ပိုင်ဆိုင်နိုင်မှာသေချာပါတယ်။ နောက်တစ်ခုက မိမိမှာ ဘာစရိုက်ရှိတယ်ဆိုတာကိုသိရင် ဘာကမ္မဋ္ဌာန်းကိုအားထုတ်ရမယ်ဆိုတာကိုလဲ သိသွားပြီးလေ၊ သို့ဖြစ်၍ ကမ္မဋ္ဌာန်းအားထုတ်လိုသူတို့သည် ပြဆိုခဲ့သော ကမ္မဋ္ဌာန်း ၄၀-တို့တွင်မိမိတို့၏စရိုက်နှင့် သင့်၊မသင့် နှိုင်းချိန်၍ သင့်လျော်မည်ထင်သောကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်....
(ယခုတင်ပြခဲ့သောဆောင်းပါးလေးကို ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်ကိုအခြေခံပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ )

လပြည့်ဝန်း(သာစည်)