Saturday, February 15, 2014

နိဗ္ဗန်သို့ သွားရာလမ်း

နိဗ္ဗာန်သို့ နှင့် သွားရပါသည်။ (စတုမဂ္ဂ ဉာဏေန သစ္စိကတဗ္ဗံ) ဟူသော စကားရှိသည်ကိုလည်း အများအသိပင် ဖြစ်ပါသည်။ ရုပ်နာမ်ခန္ဓာနှင့် သွား၍မရပါ။ လောကအဆုံးကို ရုပ်နာမ်ခန္ဓာနှင့်သွား၍မရကြောင်းကိုယ်တော်တိုင် ရောဟိတဿနတ်သားကို ဟောတော်မူခဲ့ဖူးပါသည်။
နိဗ္ဗာန်ကို (ခန္ဓာနိယောဓေါ နိဗ္ဗာနံ) ဟူသောစကားအရ၊ ခန္ဓာနှင့် သွား၍မရ၍၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် သွားရမည်သာ ဖြစ်ပါသည်။ ထိုအခါ နိဗ္ဗာန်သွားချင်သော ပုဂ္ဂိုလ်များသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တည်ဆောက်ရပါသည်။ တည်ဆောက်သည် ဆိုသည်မှာ မြတ်စွာဘုရား သာသနာ၌၊ မြတ်စွာဘုရား အဆိုအဆုံးအမ၊ သူတော်ကောင်းများ၏ အဆိုအဆုံးအမကို နာယူရရှိပြီး – ခန္ဓာအပေါ် အနိစ္စလက္ခဏာတင်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တည်ဆောက်ရခြင်း ဖြစ်ပါသည်။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမှသာလျှင် နိဗ္ဗာန်သို့ သွားနိုင်ပါသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည် ခန္ဓာကို ပိုင်းခြားပါသည်။ ပိုင်းခြားခြင်းကို ပရိံဉာတဗ္ဗ ဟုခေါ်ပါသည်။ ပိုင်းခြားပြီးမှသာလျှင် နိဗ္ဗာန်စံဝင် နိုင်ပါသည်။ နိဗ္ဗာန်သည် အမှန်ရှိပါသည်၊ နူးညံ့သည်၊ သိမ်မွေ့သည်၊ အသိခက်သည်၊ နက်ရှိုင်းသည်၊ နှိုင်းခိုင်းစရာ ဥပမာ ထပ်တူထပ်မျှ (၃၁) ဘုံ လောက၌ မရှိဟု အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ ၌ ဂုဏ်ရည်များ ရှိသဖြင့် ဝမ်းသာဖွယ်ရာ ကောင်းပါသည်။ နိဗ္ဗာန်သို့ ဝင်စားသော မဂ်ဉာဏ် ဖိုလ်ဉာဏ်များလည်း ထိုဂုဏ်ရည်များကို ဝင်စားနိုင်ပါသည်။
ထို့ကြောင့် နိဗ္ဗာန်ကို (နိဗ္ဗာနံ ပရမံသုခံ) မြတ်သော ချမ်းသာခြင်း ရှိသည်ဟု၊ ဖွင့်ဆိုနိုင်ခြင်း ဖြစ်ပါသည်။ နိဗ္ဗာန်ကို ရောက်အောင်ကြိုးစားနေသော ပုဂ္ဂိုလ်များသည် ဝိပဿနာ ရှုရန်နှင့် တဏှာဒိဋ္ဌိကင်းစင်ရန် ကြိုးစားရကြောင်း သတင်းကောင်းပေး အပ်ပါသည်။