“သေသည်”ဆိုရာတွင် သေဆုံးရုံဖြင့် မပြီးသေးပေ။ဘ၀သစ်၌တစ်မျိုးတစ်ဖုံဖြစ်ရန်အတွက် သေရခြင်းဖြစ် သောကြောင့် ဘ၀သစ်၌ အဖြစ်လှရန်အရေးကြီးပေသည်။ ယခုဘ၀သေရေးထက်ပင် အရေးကြီး၏။ ဘ၀သစ်ကောင်းကို ရရှိသေခါနီးအချိန်တွင် ကပ်၍ပြုသောကံများသည် လွန်စွာအရေးပါသဖြင့်
ကွယ်လွန်ခါနီးသူ စိတ်ဓာတ်ကြည်လင်စွာဖြင့် အာရုံကောင်းထင်၍ သေဆုံးနိုင်ရန် ဆရာကောင်း သမားကောင်း၊ ဆွေကောင်း၊ မျိုးကောင်း၊ မိတ်ဆွေကောင်းများကပြုပြင်ပေးကြရပါမည်။
ပြုပင်ပေးမည့်သူ (ကူညီပေးမည့်သူ)
ြြုပုပြင်ပေးပုံ
၁။ လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ပေးရမည်။
၂။ ကွယ်လွန်ခါနီးသူအား တစ်သက်ပတ်လုံး လုပ်ဆောင်ခဲ့သော
ေ ကောင်းမှုကုသိုလ်များအား အမှတ်သတိပေးရမည်။ ဖြစ်နိုင်ပါက ရက်စွဲနှင့်တကွ
ထူးခြားသော ကုသိုလ်အမှု (ဒါန၊ သီလ၊ ဘာဝနာ) စာရင်းကို မှတ်သားထား၍
သတိပေးသည့် အနေဖြင့် ဖတ်ပြပါ။ ၀မ်းမြောက်ဝမ်းသာ နှလုံးသွင်းနိုင်ရန်
ြေေ ပြောကြားပေးပါ။
၃။ ဗုဒ္ဓဆင်းတုတော်ကိုလည်း ထိုသူမြင်သာသောနေရာတွင်ထားပေးပါ။
နှလုံးသွင်းနိုင်ရန် ဂုဏ်တော်များကို သတိပေးနှိုးဆော်သည့်အနေဖြင့်
ြေေ ပြောကြားပေးရမည်။ ဂုဏ်တော်တစ်ပါးကို ဖြစ်စေ၊ ဂုဏ်တော်များကို ဖြစ်စေ
ရွတ်နိုင်လျှင် ဖြည်းညှင်းစွာ ရွတ်ဆိုနေပါစေ၊ စိတ်ဖြင့်ရွတ်ဆိုနေပါရန်
သတိပေးခြင်းပြုပေးရပါမည်။
၎။ ဘုရား၊ တရား၊ သံဃာရတနာသုံးပါးအား အမြဲဦးထိပ်ထားရန်
အားပေးပြောကြားခြင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ
ဂစ္ဆာမိ၊ ရတနာသုံးပါးကို အမြဲမပြတ်နှုတ်မှဖြစ်စေ၊ စိတ်တွင်း၌ဖြစ်စေ၊
ရွတ်ဆိုမိစေရန် အားပေးတိုက်တွန်းခြင်း ပြုပေးရပါမည်။
၅။ ကွယ်လွန်ခါနီးသူအား ကိုယ်တိုင် ကုသိုလ်ပြုနိုင်ရန် ဖန်တီးပေးရပါမည်။
က။ သူနားလည်းသော သူကြိုက်နှစ်သက်သော ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခြင်း။
ခ ။ နှစ်သက်နာယူလိုသော တရားတော်များကို ဟောပြောပေးခြင်း သို့မဟုတ်
တရားတိတ်ခွေများ ဖွင့်ပေးခြင်း၊ ပရိတ်တော်များ နာကြားရသဖြင့်
ထိုသူနှင့်တကွ မိသားများပါ ကုသိုလ်စိတ်များစေ၏။
ဂ ။ ရဟန်းသံဃာများအား ဖိတ်ကြား၍ ဆွမ်းကျွေးခြင်း၊ လှူဒါန်းခြင်း၊
တရားတော်များ ရွတ်ဖတ်စေခြင်း၊ အခြားအလှူများပြုလုပ်ခြင်း၊
ထိုသူကိုယ်တိုင် ပြုလုပ်နိုင်ပါက ထိုသူအား အသိပေး လုပ်ဆောင်ခြင်း၊ အတူတကွအမျှဝေခြင်း။
ဃ။ ထိုသူကိုယ်စား ဘုရားတွင် ဘုရားစင်တွင် ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ
ပူဇော်ကပ်ပေးခြင်း၊ ဤသို့ ပြုလုပ်နေသည်ကို အသိအမှတ်ပြောကြားပေးခြင်း၊
လှူဒါန်းမှုများကို ပြုလုပ်ပေးနေပါသည်။ ပူဇော်ထားပါသည်။
“ကြည်ညိုဝမ်းမြောက်ပါ”ဟု ပြောပေး သတိပေးရမည်။ သို့မှသာ ထိုသူသည်
ငါကောင်းမှုပြုခဲ့ပေပြီဟု ၀မ်းမြောက်ဝမ်းသာဖြစ်လာပါမည်။
ကောင်းသောဂတိကိုလည်း ရရှိပါမည်။
၆။ အကယ်၍ ထိုသူသည် ဘာဝနာပွားများခဲ့ဖူးသူ ဖြစ်ပါက မိမိပွားနေကျ သမထဘာဝနာ၊
ဝိပဿနာဘာဝနာတို့ကို မမေ့မလျော့ ပွားများစေရန် နှိုးဆောတိုက်တွန်းပေးရမည်။
၇။ ရဟန်းတော်ကြီးများအား ထိုသူအား မေတ္တာတရားပွားများပေးပါရန်
လျှောက်ထားတောင်းပန်ခြင်း၊ ဓမ္မမိတ်ဆွေတို့တွင် မေတ္တာဘ၀နာ
ပွားများသူဖြစ်လျှင် ထိုသူအားလည်းကောင်း၊ မိမိကိုယ်တိုင်လည်းကောင်း၊
ကွယ်လွန်ခါနီးသူအား မေတ္တာတရားပွားများပေးရမည်။
၈။ စိုးရိမ်သောကအား ပယ်ရှားပေးခြင်း
က။ ကွယ်လွန်ခါနီးသူအား ချစ်ခင်သူများနှင့် ပိုင်ဆိုင်မှုများအား
မစွဲလမ်းစေရန် ကူညီဖျောင်းဖျပေးရမည်။
ခ ။ မိမိပြုလုပ်ခဲ့သော မကောင်းသော အမှု အသေးအဖွဲမှစ၍ နောင်တ
ပူပန်မှုမဖြစ်မိအောင် ကူညီဖျောင်းဖျပေးရမည်။
ဂ ။ ကွယ်လွန်ခါနီးသူ အနီးအပါးတွင် ချစ်ခင်သော ဆွေမျိုး၊ မိတ်သင်္ဂဟများ
ပူဆွေးငိုကြွေးခြင်းမပြုစေရန် ပြောဆိုပေးရမည်။
ဃ။ ကွယ်လွန်ခါနီးသူ၏ မျိုးဆက်များမှ တွယ်တာသူများမှ ကလေးငယ်များ၏ ငိုသံ
(အသံ)တို့ မကြားမိစေရန် သတိထားရမည်။
င ။ မဖွယ်ရာသောအသံ တိရစ္ဆာန်တို့၏ အသံများ မကြားရန် မမြင်ရန်စေရန် သတိထားပေးရမည်။
စ ။ ကွယ်လွန်ခါနီးသူ တွေ့ဆုံလိုသူ၊ မှာကြားလိုသည်များကို ထိုသူ၏ ဆန္ဒပြည့်အောင် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးရမည်။
သို့မှသာ ကွယ်လွန်ခါနီးသူတို့ တွယ်တာမှု စိုးရိမ်သောကကင်းဝေးစွာ
အစွဲအလမ်းမမှား စိတ်ဖြောင့်စွာ သေဆုံးနိုင်ပေမည်။
မိဘဆွေမျိုးသားသမီးများ
မိဘဆွေမျိုးသာသမီး၊ အိမ်သူအိမ်သားများကလည်ကွယ်လွန်ခါနီးသူစိတ်အေးချမ်းစွာ သေဆုံးနိုင်ရန်အတွက် အိမ်အတွင်း အေးချမ်းသန့်ရှင်းစွရှိနေစေခြင်း၊ တတ်နိုင်သမျှ ကောင်းမှုကုသိုလ်များ လုပ်ပေးခြင်း၊
အထူးသဖြင့် ဘုရား၊ ဘုရားစင်တွင် ပန်းများ၊ အမွှေးနံ့သာများနှင်ထုံမွမ်းစေခြင်း၊ ဆီမီးများ ထွန်းထားပေးခြင်းတရားပူဇော်ရွတ်ဖတ်မှုများကို နာယူနိုင်သည်အထိ ပြုလုပ်ပေးခြင်းကို ရက်
အသင့်အတင့် ရှည်ကြာစဉ်ကပင် ပြုလုပ်ပေးရမည်။ ပူဆွေး ငိုကြွေးမှု မရှိစေရန်
ဆူဆူညံညံမရှိစေရန် အထူးသတိပြုရမည်။ မိမိချစ်ခင်သူတစ်ဦး ခရီးဝေးသွားလျှင်
ထိုသူခရီးစဉ်နှင့် ခရီးဆုံးတွင် အစစအဆင်ပြေစေရန် တတ်အားသမျှ
လုပ်ဆောင်ပေးသကဲ့သို့ တမလွန်ဘ၀သို့ သွားရောက်တော့မည့်သူအတွက်
ကုသိုလ်များနိုင်သမျှ များများပါသွားစေရန် ပြုလုပ်ဆောင်ရွက်ပေးကြရမည်။
“သေသူသည် ဆွေမျိုးများနှင့် တစ်ဖန်ပြန်၍ မတွေ့ရတော့မည်သူ” ဖြစ်သောကြောင့်
ထိုသူအတွက် ကြောင့်ကြစိုက်ကာ များစွာ အလေးပေးဆောင်ရွက်ရပေမည်။
ကွယ်လွန်ခါနီးသူ
အရေးကြီးဆုံးမှာ ကွယ်လွန်ခါနီးသောသူ ကိုယ်တိုင်ဖြစ်၏။
ကွယ်လွန်ခါနီးသူကလည်း သေခြင်းတရားကို လက်ခံနိုင်ရမည်။ ဘ၀ပေါင်းများစွာက
ေေ သေဆုံးလာခဲ့ပြီးဖြစ်၏။ သေခြင်းတရားသည် လွှဲရှောင်၍မရ၊ လက်မခံ၍မရသည့်
သဘောတရားဖြစ်သည်။ ကံအားလျော်စွာ ယခုဘ၀ရောက်ရှိလာသကဲ့သို့ကံအားလျော်စွာပင် ယခုဘ၀မှ ထွက်သွားရမည်ကို သတ္တိနှင့် သတိရှိစွာလက်ခံနိုင်ရပါမည်။ မိမိသည် သေနိုင်လောက်မည့် ရောဂါရနေပြီ ဖြစ်သည်ဟုမှန်းမိလျှင်သေနိုင်လောက်သည့် အရွယ်သို့ ရောက်နေပြီကို သိလျှင်ပိုင်ဆိုင်မှုများအားမည်သို့ဖန်တီးစေချင်သည်။ မိမိသေဆုံးလျှင်
မည်သို့ဆောင်ရွက်စေလိုသည်များကို သင့်လျော်သူကို မှာကြားထားခြင်း
သို့မဟုတ် ရေးသားထားခြင်းများ ပြုလုပ်ထားသင့်သည်။ သို့မှာသာစိတ်အေးချမ်းရာရပါမည်။
ဘ၀တစ်ခုသည် တွေ့ကြုံလာခဲ့သည့် သံသရာတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက
ခရီးရှည်သွားရာ၌ သစ်ပင်ရိပ်အောက်တွင် ခဏတွေ့ဆုံရသကဲ့သို့ ယခုဘ၀ဆွေမျိုးသားချင်း၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ အိမ်သူအိမ်သားများနှင့်ကြုံတွေ့ရခြင်းမျှသာဖြစ်၍ တတ်နိုင်သမျှ သံယောဇဉ်ပြတ်ထားရမည်။
အခြားသူများက မိမိအား ကုသိုလ်ပွားရန် ပြုလုပ်ပေးနေသည်များကိုဝမ်းမနည်းရပါ။
မိမိပြုလုပ်ခဲ့မိသော မကောင်းမှုအကုသိုလ် အသေးအဖွဲမှအစ စိတ်တွင် အမှတ်တရနောင်တပူပန်မှုကို မဖြစ်စေဘဲ မေ့ပျောက်ထားရမည်။ မိမိပြုခဲ့ပြီးသောကုသိုလ်ကောင်းမှုများကို သတိရ ဆင်ခြင်ရမည်။ ဤကောင်းမှုများသည် ဂတိကောင်းကိုဖြစ်စေပြီး၊ နောင်ဘ၀ကို အထောက်အပံ့ ကောင်းဖြစ်မည်ဟု
ယုံကြည်ဝမ်းမြောက်ရမည်။ ကောင်းမှုကုသိုလ်များကို တတ်နိုင်သမျှလုပ်ဆောင်ရမည်။ လုပ်ဆောင်ပေးနေမှုများကိုလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမည်။
ကုသိုလ်အာရုံသို့ ရောက်နေရန် သတိထားရမည်။
ဘုရား၊ တရား၊ အာရုံ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများ ပွားနိုင်ပါလျှင်ပွားများနိုင်ရန်လည်း စိတ်ညွှတ်ထားသင့်ပါသည်။
ေ သေဆုံးခြင်းအယူအဆ
မိမိတို့၏ မိဘရိုးရာအရပ်ဒေသ ဘာသာဝါဒအားလျော်စွာ သေဆုံးခြင်းကို
အမျိုးမျိုး၊ အဖုံဖုံ ယူဆကြပါသည်။ ဗုဒ္ဓ၏တရားတော်အရ မှားသော အယူအဆကြီး
နနှ နှစ်မျိုးရှိ၏။
၁။ တည်မြဲအယူမှား၊ သဿတ်သတ္တဒိဋ္ဌိ
သတ္တ၀ါတို့၏ ၀ိညာဉ် (အသက်ကောင်၊ အတ္တ)သည် တည်မြဲသည်ဟု အယူမှားဖြစ်သည်။
သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးသွားသောအခါ ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကြီးသည်
အသုဘကောင်အဖြစ် ဤဘ၀တွင်ကျန်ခဲ့၏။ ၀ိညာဉ်သည် ဘ၀သစ်တစ်ခုသို့
ကူးပြောင်းသွားပြီး ဘ၀သစ်၌ ဖြစ်သည်ဟု ယူဆခြင်းဖြစ်၏။ တစ်နည်းအားဖြင့်
ဘ၀ဟောင်းခန္ဓာအိမ်အသစ်လဲကာ ဘ၀သစ်၌ ပြောင်းရွှေ့၍ဖြစ်သည်။ မပြတ်မစဲ
အသက်ကောင်လေး မြဲသည်ဟု ယူဆသော အယူမှားဖြစ်၏။ မပျက်မစီးဘဲ အမြဲတည်နေသော
အတ္တ၊ အသက်၊ ၀ိညာဉ်က တစ်ဘ၀ပြီး တစ်ဘ၀ကူသွားသည်ဆိုသော အယူအဆဖြစ်သည်။
၂။ ပြတ်စဲအယူမှား၊ ဥစ္ဆေဒဒိဋ္ဌိ
သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးလျှင် ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကိုယ်နှင့်
ဝိညာဉ်နှစ်ခုလုံးသည် ဤဘ၀ဟောင်းမှာပင် အပြီးအတိုင် ချုပ်ပြတ်သွားကြသည်။
ေေ နောက်ဘ၀၌ဖြစ်သော ပုဂ္ဂိုလ်သတ္တ၀ါသည် အသစ်တစ်ယောက်ဖြစ်သည်ဟု
ယူဆသောအယူဖြစ်သည်။ ဘ၀ဟောင်းက ရုပ်နာမ်ခန္ဓာအားလုံးသည် (အသက်ကောင်၊အတ္တနှင့်တကွ) ဘ၀သစ်၌ လုံးဝ အဆက်အစပ် မရှိတော့ပါ။သတ္တ၀ါတစ်စုံတစ်ယောက်သေလျှင် ဘ၀ဟောင်းနှင့် အားလုံးပြတ်၏။ တစ်ဘ၀တုံးလျှင်တစ်ဘ၀၏ ရုပ်နာမ်တွေအားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်းမရှိဟူသောအယူဖြစ်သည်။
ထိုအယူမှားကြီးနှစ်မျိုးအပြင် ဘ၀ဟောင်း ချုပ်ပြတ်ရာ ဘ၀သစ်မကူးမကြားကာလ အချိန်အတွင်း ခေတ္တဘ၀တစ်ခုရှိသေးသည်ဟူသော အယူအဆဖြစ်သည်။ ဤအယူကို အချို့သော
ဗုဒ္ဓဘာသာဝင်တို့ပင် လက်ခံကြ၏။
ကြားခံဘ၀အယူမှား အန္တရာဘ၀ဒိဋ္ဌိ
လူသည် သေဆုံးပြီးနောက် ရောက်ထိုက်သော ဘ၀သို့ရောက်ရန် အခြေအနေ
မပေးသေးလျှင် သေသူ၏ အသက် ၀ိညာဉ်သည် သရဲ၊ တစ္ဆေအဖြစ်နှင့် သင်းချိုင်းတွင်
ေေ တောထဲတွင် လှည့်လည်သွားလာနေရသည်။ သူ့အိမ်၊ သူ့ပစ္စည်းဥစ္စာ၊ သူ့မိသားစု
စသည်အနီးအနား သွားလာနေကြသည်။ တစ်ခါတစ်ရံ ကိုယ်ထင်ပြသည်။ တစ်ခါတစ်ရံ
အသံပေးသည်ဟု ယူဆကြသည်။ များသောအားဖြင့် သေသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်းတွင်
သူရောက်ထိုက်သော ဘ၀ကို မရောက်သေးဘဲ သူရဲ၊ တစ္ဆေ၀ိညာဉ် ဘ၀နှင့်
သွားလာနေကြရသည်ဟု ယူဆစွဲလမ်းကြပါသည်။ သေသူ၏ ၀ိညာဉ်ကို ရည်စူးပြီး ရက်လည်
ဆွမ်းသွတ်ခြင်း၊ သပိတ်သွတ်ခြင်းစသော ဒါနကောင်းမှုများပြု၍
အမျှအတန်းဝေမှသာလျှင် ထိုဝိညာဉ်ကလေး ကျွတ်လွတ်ပြီး သူရောက်ထိုက်သော
ဘ၀သို့ ရောက်သွားသည်ဟု ယူဆကြခြင်းဖြစ်၏။
ဗုဒ္ဓ၏ တရားတော်အရ ဘ၀သစ်ဖြစ်ပုံ
ဗုဒ္ဓအဘိဓမ္မာသဘောအရ သတ္တ၀ါတစ်စုံတစ်ဦး သေဆုံးသောအခါတွင် ရုပ်နှင့်
စိတ်နာမ်ပါ ချုပ်ငြိမ်းပျက်စီးသွား၏။ ယခု ဘ၀တွင် ပြုလုပ်ခဲ့သော
စွဲလမ်းတပ်မက်မှုနှင့် ကံစသော အကြောင်းတရားများကြောင့် နောင်ဘ၀တွင်
အကျိုးတရားအနေဖြင့် ရုပ်သစ်စိတ်သစ်၊ ဘ၀သစ်ဖြစ်ပါသည်။ ဘ၀ဟောင်းရုပ်၊
စိတ်နာမ်ချုပ်ငြိမ်း၍ ဘ၀သစ်ဖြစ်ခြင်းသည် စက္ကန့်မျှမကြာသော
အချိန်အတွင်းတွင် ဖြစ်ပါသည်။ ထို့ကြောင့်
ရှေးဘ၀သေစိတ်ချုပ်ပျက်ပြီးသည်နှင့် တစ်ပြိုင်နက် နောက်ဘ၀၏အစ
ပဋိသန္ဓေစိတ်ချက်ချင်းဖြစ်၏။ နောင်ဘ၀ ပဋိသန္ဓေနေရခြင်းကို ပဲ့တင်သံ၊ မှန်
စသည် ဥပမာအားဖြင့် ဖေါ်ပြကြပါသည်။
ပဲ့တင်ဥပမာ
ေေ တောတောင်၊ လှိုဏ်ခေါင်းများအတွင်း၌ အော်ဟစ်သောအသံသည် တောင်နံရံ၊
လှိုဏ်နံရံများနှင့် ထိခိုက်သောအခါ ပဲ့တင်သံများကိုပြန်ကြားရ၏။
ထိုပဲ့တင်သံသည် မူလအော်သော လူ၏ အသံလည်းမဟုတ်။ လူ့အသံနှင့် ကင်း၍
အလိုအလျောက်ဖြစ်ပေါ်လာသော အသံလည်းမဟုတ်ပေ။ မူလအသံကြောင့် ဖြစ်ပေါ်လာသော
ပဲ့တင်သံကဲ့သို့ ယခုဘ၀မှ ကံစသော အကြောင်းများကြောင့် နောင်ဘ၀သစ်၌
ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်သည်။ မူလအော်သောအသံသည် ယခုဘ၀မှ ကံစသော
အကြောင်းများနှင့် တူသည်။ ပဲ့တင်သံသည် နောင်ဘ၀သစ်၌ ပဋိသန္ဓေနေရဖြစ်ရခြင်းနှင့် တူသည်။
မှန်ဥပမာ ကိုယ်လုံးပေါ်မှန်ရှေ့၌ လူတစ်ယောက်သွားရပ်လိုက်သောအခါ ထိုလူ၏ အရိပ်သည်
မှန်ထဲ၌ သွားထင်လေသည်။ မှန်ထဲ၌ ထင်သောအရိပ်သည် ရပ်နေသော လူလည်းမဟုတ်ပေ၊
ထိုလူနှင့်ကင်း၍လည်း မဖြစ်နိုင်ပေ။ ရပ်နေသောလူကြောင့် ဖြစ်ပေါ်လာသော
အရိပ်ကဲ့သို့ ယခုဘ၀မှ ကံ စသောအကြောင်းများကြောင့် နောက်ဘ၀သစ်၌
ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်ပေသည်။ မှန်ရှေ့၌ ရပ်နေသောသူသည် ယခုဘ၀မှ ကံ
စသော အကြောင်းများနှင့် တူပေသည်။ မှန်ထဲ၌ရှိသော အရိပ်သည် နောက်ဘ၀သစ်၌
ပဋိသန္ဓေနေရ ဖြစ်ရခြင်းနှင့် တူပေသည်။ထို့ကြောင့်ပင် ရှေးကံကောင်းလျှင် ယခုဘ၀ရုပ်နာမ်ကောင်း၏။ ရှေးကံညံ့လျှင်
ယခုဘ၀ ရုပ်နာမ်ညံ့၏။ ဤ ဘ၀၌ အကောင်းအဆိုး အမျိုးမျိုးကို တွေ့ရသည်မှာ
ေ ရှေးဘ၀က ပြုလုပ်သော ကံ၊ ဤဘ၀ဉာဏ်၊ ၀ီရိယတို့ကြောင့်သာဖြစ်သည်။
ေေ သေဆုံးပြီးနောက် ပထမဆုံးဖြစ်သော ရုပ်၊ စိတ်နာမ်တို့ကို “ပဋိသန္ဓိ”
ြ မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထို ပဋိသန္ဓေ၊ ရုပ်၊
စိတ်နာမ်များသည် ကံကြောင့် ဖြစ်ရသောကြောင့် ကံအမျိုးမျိုးလိုက်၍ ဥပပါတ်
ပဋိသန္ဓေ၊ သံသေဒဇပဋိသန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု လေးမျိုးရှိ၏။
၁။ ဥပပါတ် ပဋိသန္ဓေ
ခန္ဓာကိုယ်အထင်အရှားဖြစ်သော ပဋိသန္ဓေဖြစ်၏။ နတ်၊ ဗြဟ္မာ၊ ငရဲသား၊ ပြိတ္တာ၊
အသူရကာယ်တို့သည် ဥပပါတ်ပဋိသန္ဓေဖြစ်၍ မိခင်ဝမ်းတွင်း၌ အောင်းဖွယ်မလို၊
ပဋိသန္ဓေ ရုပ်၊ စိတ်နာမ်များဖြစ်သည်နှင့် တစ်ပြိုင်နက် သူတို့နေရမည့်ဗိမာန်၊ တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာ၊ ကမ်း စသော အရပ်များ၌ သူတို့၏နဂိုအရွယ်အတိုင်း အထင်အရှားဖြစ်၏။
၂။ သံသေဒဇပဋိသန္ဓေ
ငြိတွယ်၍ဖြစ်လောက်သောအရပ်၌ ကပ်ငြိတွယ်၍ဖြစ်ရသော ပဋိသန္ဓေဖြစ်၏။
အလွန်သေးငယ်သော အရွယ်မှစ၍ တဖြည်းဖြည်း ကြီးလာရ၏။ ပိုး၊လောက်စသော
သတ္တ၀ါများ မစင်ပုပ်၊ ငါးပုပ်စသော အရာဝတ္ထုများတွင် ငြိတွယ်၍ ဖြစ်ကြရ၏။
၃။ အဏ္ဍဇပဋိသန္ဓေ
အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက်၊ ငှက် စသော သတ္တ၀ါတို့သည်
အဏ္ဍဇပဋိသန္ဓေနေရသော သတ္တ၀ါများ ဖြစ်၏။
၎။ ဇလာဗုဇပဋိသန္ဓေ
အမိဝမ်းတွင်းသားအိမ်၌ ဖြစ်ကြရသော လူ၊ မြင်း၊ ကျွဲ၊ နွား စသော
သတ္တ၀ါတို့သည် ဇလာဗုဇ ပဋိသန္ဓေ နေရသော သတ္တ၀ါများဖြစ်သည်။ ဘုမ္မစိုး၊
ရုက္ခစိုး ဟုခေါ်သော အောက်နတ်တို့တွင် အချို့နတ်များသည် ဇလာဗုဇပဋိသန္ဓေနေကြရ၏။
ထို့ကြောင့် ဗုဒ္ဓ၏ အဘိဓမ္မာတရားတော်အရ သတ္တ၀ါတစ်ဦးသေဆုံးလျှင် ဆုံးချင်းနောင်ဘ၀ အသစ် တစ်ခု စက္ကန့်မဆိုင်းဘဲ မိမိ၏ ကံအားလျော်စွာပဋိသန္ဓေတည်ဖြစ်ကြရသည်။
ေေ သေသူတို့အပေါ်အယူအဆ
လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ အချို့သူတို့သည် သေသူ၏
သင်းချိုင်းမြေပုံပေါ်မှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ
မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ သစ်ကိုင်းကလေး
တစ်ကိုင်းဖြစ်စေ၊ ပန်းခွေ၊ ပန်းခြင်းမှ ပန်းတစ်ပွင့်ကိုဖြစ်စေယူ၍
အိမ်တွင်ထားကြသည်။ အချို့သည် သေသူ၏ ဓာတ်ပုံကို တစ်နေရာရာတွင်ထား၍ ထမင်း၊
ဟင်း၊ မုန့်ပဲသရေစာ စသည်များ တင်ထားကြသည်။ ယင်းကို (၇)ရက်အထိ
လုပ်ဆောင်ကြသည်။ သေသူ၏ ၀ိညာဉ်သည် ခဲလုံး၊ သစ်ကိုင်း၊ ပန်း၊ ဓာတ်ပုံတွင်
ရှိနေသည့် သဘောသက်ရောက်ပါသည်။
အချို့မှာ ဆွမ်းကျွေး၊ သပိတ်သွတ်၊ သရဏဂုံတင်သောအခါတွင် အလောင်းနားသွား၍
ဖြစ်စေ၊ အခေါင်းကိုပုတ်၍ဖြစ်စေ၊ တရားနာ ဖိတ်ကြသည်။ ယင်းသည် သေသူ၏
ဝိညာဉ်သည် အလောင်းထဲတွင် အလောင်းနားတွင်ရှိနေသေးသည်ဟူသော အဓိပ္ပါယ်
ဖြစ်နေပါသည်။
အချို့မှာ သေသူ၏ ၀ိညာဉ်(၇)ရက်အတွင်း အိမ်အတွင်း ၀င်ထွက်သွားလာနိုင်ရန်
တံခါးပေါက်များဖွင့်ထားခြင်း အပေါက်ချန်ထားခြင်းများ ပြုလုပ်ပေးကြသည်။
ဗုဒ္ဓအဘိဓမ္မာအရ တစ်ဦးတစ်ယောက် ကွယ်လွန်လျှင် ချက်ချင်း ထိုသူရောက်ထိုက်သော
ဘ၀တွင် ပဋိသန္ဓေ တစ်မျိုးမျိုးနှင့် ရုပ်နာမ်အသစ်နှင့် ဘ၀သစ်ဖြစ်ပြီးနေ၍
အလောင်းထဲတွင်ဖြစ်စေ၊ အလောင်းနားတွင်ဖြစ်စေ အိမ်နားတွင်ဖြစ်စေ၊
သင်းချိုင်းစသည်တို့၌ ထိုသူလုံးဝမရှိတော့ပေ။
သို့သော် ကွယ်လွန်ပြီးနောက် ချက်ချင်း၊ တစ္ဆေ သရဲဆိုသော ပြိတ္တာဘ၀တွင်
ဘ၀သစ်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို မျှော်လင့်တောင့်တရင်း အနီးအနားတွင်
ရှိကောင်းရှိနေဦးမည်ဟူသော သဘောဖြင့် တရားနာဖိတ်လျှင် ကောင်းပါသည်။ သေသူ၏
ဓာတ်ပုံအနီးတွင် အစားအစာတင်ထားခြင်း၊ ပန်းအိုးထိုး၊ မီးထွန်းသည်များသည်
ေေ သေသူ၏ ၀ိညာဉ်ရှိနေသေးသည်ဆိုသော အယူအဆမဟုတ်ဘဲ အသက်ရှင်စဉ်ရှိ
ဂုဏ်ကျေးဇူးများကို အမှတ်ပြု၍လည်းကောင်း၊
ချစ်ခင်မြတ်နိုးစိတ်ဖြင့်လည်းကောင်း၊ အသက်ရှင်စဉ်တွင်ပြုသည့်
ဝတ္တရားအတိုင်း ပြုလုပ်ပေးခြင်းသည် ကောင်းပါသည်။ ထိုသို့ မဟုတ်ပါဘဲ
ဝိညာဉ်သည် တည်မြဲလျက်ရှိသည်။ သို့မဟုတ် (၇)ရက်အတွင်း ၀ိညာဉ်ရှိနေသေးသည်ဟု
ယူဆလျှင် သဿတဒိဋ္ဌိနှင့် အန္တရာဘ၀ဒိဋ္ဌိများဖြစ်သွားနိုင်ပါ၍
သတိထားလုပ်ဆောင်ကြရပါမည်။
ကွယ်လွန်ခါနီးသူအား အကောင်းဆုံး ကူညီခြင်းသည် ထိုသူ စိတ်ငြိမ်းချမ်းမှုရရှိရန်နှင့် ဖြစ်သည်။
ေေ ကြောက်ရွံထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း မဖြစ်မှသာ
သံယောဇဉ် တွယ်တာမှုကင်းမှသာ စိတ်ငြိမ်းချမ်းမှု ရရှိမည်ဖြစ်၏။
အခြားတစ်ယောက်အား ကူညီမည့်သူသည် ရှေးဦးစွာ မိမိကိုယ်တိုင် ထိုတရားများကို
ပယ်ရှားထားရမည်။ထိုတရားများမ၀င်ရောက်လာအောင် မိမိကိုယ်တိုင်ဦးစွာငြိမ်သက်အေးချမ်းမှုရှိနေအောင်နေပါ။ ကြင်နာသည့်
အမူအရာအားပေးထောက်ကူမည့် အမူအရာရှိနေရန် ကြိုးစားပါ။ စိတ်လှုပ်ရှားနေသည့်
အမူအရာများကို ရှောင်နိုင်သမျှရှောင်ပါ။ ကွယ်လွန်ခါနီးသူ ပြောလိုသော
စကားများကို လိုလိုလားလား နားထောင်ပေးပါ။
ေေ ကြောက်ရွံထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း မဖြစ်မှသာ
သံယောဇဉ် တွယ်တာမှုကင်းမှသာ စိတ်ငြိမ်းချမ်းမှု ရရှိမည်ဖြစ်၏။
အခြားတစ်ယောက်အား ကူညီမည့်သူသည် ရှေးဦးစွာ မိမိကိုယ်တိုင် ထိုတရားများကို
ပယ်ရှားထားရမည်။ထိုတရားများမ၀င်ရောက်လာအောင် မိမိကိုယ်တိုင်ဦးစွာငြိမ်သက်အေးချမ်းမှုရှိနေအောင်နေပါ။ ကြင်နာသည့်
အမူအရာအားပေးထောက်ကူမည့် အမူအရာရှိနေရန် ကြိုးစားပါ။ စိတ်လှုပ်ရှားနေသည့်
အမူအရာများကို ရှောင်နိုင်သမျှရှောင်ပါ။ ကွယ်လွန်ခါနီးသူ ပြောလိုသော
စကားများကို လိုလိုလားလား နားထောင်ပေးပါ။
ြြုပုပြင်ပေးပုံ
၁။ လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ပေးရမည်။
၂။ ကွယ်လွန်ခါနီးသူအား တစ်သက်ပတ်လုံး လုပ်ဆောင်ခဲ့သော
ေ ကောင်းမှုကုသိုလ်များအား အမှတ်သတိပေးရမည်။ ဖြစ်နိုင်ပါက ရက်စွဲနှင့်တကွ
ထူးခြားသော ကုသိုလ်အမှု (ဒါန၊ သီလ၊ ဘာဝနာ) စာရင်းကို မှတ်သားထား၍
သတိပေးသည့် အနေဖြင့် ဖတ်ပြပါ။ ၀မ်းမြောက်ဝမ်းသာ နှလုံးသွင်းနိုင်ရန်
ြေေ ပြောကြားပေးပါ။
၃။ ဗုဒ္ဓဆင်းတုတော်ကိုလည်း ထိုသူမြင်သာသောနေရာတွင်ထားပေးပါ
နှလုံးသွင်းနိုင်ရန် ဂုဏ်တော်များကို သတိပေးနှိုးဆော်သည့်အနေဖြင့်
ြေေ ပြောကြားပေးရမည်။ ဂုဏ်တော်တစ်ပါးကို ဖြစ်စေ၊ ဂုဏ်တော်များကို ဖြစ်စေ
ရွတ်နိုင်လျှင် ဖြည်းညှင်းစွာ ရွတ်ဆိုနေပါစေ၊ စိတ်ဖြင့်ရွတ်ဆိုနေပါရန်
သတိပေးခြင်းပြုပေးရပါမည်။
၎။ ဘုရား၊ တရား၊ သံဃာရတနာသုံးပါးအား အမြဲဦးထိပ်ထားရန်
အားပေးပြောကြားခြင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ
ဂစ္ဆာမိ၊ ရတနာသုံးပါးကို အမြဲမပြတ်နှုတ်မှဖြစ်စေ၊ စိတ်တွင်း၌ဖြစ်စေ၊
ရွတ်ဆိုမိစေရန် အားပေးတိုက်တွန်းခြင်း ပြုပေးရပါမည်။
၅။ ကွယ်လွန်ခါနီးသူအား ကိုယ်တိုင် ကုသိုလ်ပြုနိုင်ရန် ဖန်တီးပေးရပါမည်။
က။ သူနားလည်းသော သူကြိုက်နှစ်သက်သော ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခြင်း။
ခ ။ နှစ်သက်နာယူလိုသော တရားတော်များကို ဟောပြောပေးခြင်း သို့မဟုတ်
တရားတိတ်ခွေများ ဖွင့်ပေးခြင်း၊ ပရိတ်တော်များ နာကြားရသဖြင့်
ထိုသူနှင့်တကွ မိသားများပါ ကုသိုလ်စိတ်များစေ၏။
ဂ ။ ရဟန်းသံဃာများအား ဖိတ်ကြား၍ ဆွမ်းကျွေးခြင်း၊ လှူဒါန်းခြင်း၊
တရားတော်များ ရွတ်ဖတ်စေခြင်း၊ အခြားအလှူများပြုလုပ်ခြင်း၊
ထိုသူကိုယ်တိုင် ပြုလုပ်နိုင်ပါက ထိုသူအား အသိပေး လုပ်ဆောင်ခြင်း၊ အတူတကွအမျှဝေခြင်း။
ဃ။ ထိုသူကိုယ်စား ဘုရားတွင် ဘုရားစင်တွင် ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ
ပူဇော်ကပ်ပေးခြင်း၊ ဤသို့ ပြုလုပ်နေသည်ကို အသိအမှတ်ပြောကြားပေးခြင်း၊
လှူဒါန်းမှုများကို ပြုလုပ်ပေးနေပါသည်။ ပူဇော်ထားပါသည်။
“ကြည်ညိုဝမ်းမြောက်ပါ”ဟု ပြောပေး သတိပေးရမည်။ သို့မှသာ ထိုသူသည်
ငါကောင်းမှုပြုခဲ့ပေပြီဟု ၀မ်းမြောက်ဝမ်းသာဖြစ်လာပါမည်။
ကောင်းသောဂတိကိုလည်း ရရှိပါမည်။
၆။ အကယ်၍ ထိုသူသည် ဘာဝနာပွားများခဲ့ဖူးသူ ဖြစ်ပါက မိမိပွားနေကျ သမထဘာဝနာ၊
ဝိပဿနာဘာဝနာတို့ကို မမေ့မလျော့ ပွားများစေရန် နှိုးဆောတိုက်တွန်းပေးရမည်။
၇။ ရဟန်းတော်ကြီးများအား ထိုသူအား မေတ္တာတရားပွားများပေးပါရန်
လျှောက်ထားတောင်းပန်ခြင်း၊ ဓမ္မမိတ်ဆွေတို့တွင် မေတ္တာဘ၀နာ
ပွားများသူဖြစ်လျှင် ထိုသူအားလည်းကောင်း၊ မိမိကိုယ်တိုင်လည်းကောင်း၊
ကွယ်လွန်ခါနီးသူအား မေတ္တာတရားပွားများပေးရမည်။
၈။ စိုးရိမ်သောကအား ပယ်ရှားပေးခြင်း
က။ ကွယ်လွန်ခါနီးသူအား ချစ်ခင်သူများနှင့် ပိုင်ဆိုင်မှုများအား
မစွဲလမ်းစေရန် ကူညီဖျောင်းဖျပေးရမည်။
ခ ။ မိမိပြုလုပ်ခဲ့သော မကောင်းသော အမှု အသေးအဖွဲမှစ၍ နောင်တ
ပူပန်မှုမဖြစ်မိအောင် ကူညီဖျောင်းဖျပေးရမည်။
ဂ ။ ကွယ်လွန်ခါနီးသူ အနီးအပါးတွင် ချစ်ခင်သော ဆွေမျိုး၊ မိတ်သင်္ဂဟများ
ပူဆွေးငိုကြွေးခြင်းမပြုစေရန် ပြောဆိုပေးရမည်။
ဃ။ ကွယ်လွန်ခါနီးသူ၏ မျိုးဆက်များမှ တွယ်တာသူများမှ ကလေးငယ်များ၏ ငိုသံ
(အသံ)တို့ မကြားမိစေရန် သတိထားရမည်။
င ။ မဖွယ်ရာသောအသံ တိရစ္ဆာန်တို့၏ အသံများ မကြားရန် မမြင်ရန်စေရန် သတိထားပေးရမည်။
စ ။ ကွယ်လွန်ခါနီးသူ တွေ့ဆုံလိုသူ၊ မှာကြားလိုသည်များကို ထိုသူ၏ ဆန္ဒပြည့်အောင် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးရမည်။
သို့မှသာ ကွယ်လွန်ခါနီးသူတို့ တွယ်တာမှု စိုးရိမ်သောကကင်းဝေးစွာ
အစွဲအလမ်းမမှား စိတ်ဖြောင့်စွာ သေဆုံးနိုင်ပေမည်။
မိဘဆွေမျိုးသားသမီးများ
မိဘဆွေမျိုးသာသမီး၊ အိမ်သူအိမ်သားများကလည်ကွယ်လွန်ခါနီးသူစိတ်အေးချမ်းစွာ သေဆုံးနိုင်ရန်အတွက် အိမ်အတွင်း အေးချမ်းသန့်ရှင်းစွရှိနေစေခြင်း၊ တတ်နိုင်သမျှ ကောင်းမှုကုသိုလ်များ လုပ်ပေးခြင်း၊
အထူးသဖြင့် ဘုရား၊ ဘုရားစင်တွင် ပန်းများ၊ အမွှေးနံ့သာများနှင်ထုံမွမ်းစေခြင်း၊ ဆီမီးများ ထွန်းထားပေးခြင်းတရားပူဇော်ရွတ်ဖတ်မှုများကို နာယူနိုင်သည်အထိ ပြုလုပ်ပေးခြင်းကို ရက်
အသင့်အတင့် ရှည်ကြာစဉ်ကပင် ပြုလုပ်ပေးရမည်။ ပူဆွေး ငိုကြွေးမှု မရှိစေရန်
ဆူဆူညံညံမရှိစေရန် အထူးသတိပြုရမည်။ မိမိချစ်ခင်သူတစ်ဦး ခရီးဝေးသွားလျှင်
ထိုသူခရီးစဉ်နှင့် ခရီးဆုံးတွင် အစစအဆင်ပြေစေရန် တတ်အားသမျှ
လုပ်ဆောင်ပေးသကဲ့သို့ တမလွန်ဘ၀သို့ သွားရောက်တော့မည့်သူအတွက်
ကုသိုလ်များနိုင်သမျှ များများပါသွားစေရန် ပြုလုပ်ဆောင်ရွက်ပေးကြရမည်။
“သေသူသည် ဆွေမျိုးများနှင့် တစ်ဖန်ပြန်၍ မတွေ့ရတော့မည်သူ” ဖြစ်သောကြောင့်
ထိုသူအတွက် ကြောင့်ကြစိုက်ကာ များစွာ အလေးပေးဆောင်ရွက်ရပေမည်။
ကွယ်လွန်ခါနီးသူ
အရေးကြီးဆုံးမှာ ကွယ်လွန်ခါနီးသောသူ ကိုယ်တိုင်ဖြစ်၏။
ကွယ်လွန်ခါနီးသူကလည်း သေခြင်းတရားကို လက်ခံနိုင်ရမည်။ ဘ၀ပေါင်းများစွာက
ေေ သေဆုံးလာခဲ့ပြီးဖြစ်၏။ သေခြင်းတရားသည် လွှဲရှောင်၍မရ၊ လက်မခံ၍မရသည့်
သဘောတရားဖြစ်သည်။ ကံအားလျော်စွာ ယခုဘ၀ရောက်ရှိလာသကဲ့သို့ကံအားလျော်စွာပင် ယခုဘ၀မှ ထွက်သွားရမည်ကို သတ္တိနှင့် သတိရှိစွာလက်ခံနိုင်ရပါမည်။ မိမိသည် သေနိုင်လောက်မည့် ရောဂါရနေပြီ ဖြစ်သည်ဟုမှန်းမိလျှင်သေနိုင်လောက်သည့် အရွယ်သို့ ရောက်နေပြီကို သိလျှင်ပိုင်ဆိုင်မှုများအားမည်သို့ဖန်တီးစေချင်သည်။ မိမိသေဆုံးလျှင်
မည်သို့ဆောင်ရွက်စေလိုသည်များကိ
သို့မဟုတ် ရေးသားထားခြင်းများ ပြုလုပ်ထားသင့်သည်။ သို့မှာသာစိတ်အေးချမ်းရာရပါမည်။
ဘ၀တစ်ခုသည် တွေ့ကြုံလာခဲ့သည့် သံသရာတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက
ခရီးရှည်သွားရာ၌ သစ်ပင်ရိပ်အောက်တွင် ခဏတွေ့ဆုံရသကဲ့သို့ ယခုဘ၀ဆွေမျိုးသားချင်း၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ အိမ်သူအိမ်သားများနှင့်ကြုံတွေ့ရခြင်းမျှသာဖြစ်၍ တတ်နိုင်သမျှ သံယောဇဉ်ပြတ်ထားရမည်။
အခြားသူများက မိမိအား ကုသိုလ်ပွားရန် ပြုလုပ်ပေးနေသည်များကိုဝမ်းမနည်းရပါ။
မိမိပြုလုပ်ခဲ့မိသော မကောင်းမှုအကုသိုလ် အသေးအဖွဲမှအစ စိတ်တွင် အမှတ်တရနောင်တပူပန်မှုကို မဖြစ်စေဘဲ မေ့ပျောက်ထားရမည်။ မိမိပြုခဲ့ပြီးသောကုသိုလ်ကောင်းမှုများကို သတိရ ဆင်ခြင်ရမည်။ ဤကောင်းမှုများသည် ဂတိကောင်းကိုဖြစ်စေပြီး၊ နောင်ဘ၀ကို အထောက်အပံ့ ကောင်းဖြစ်မည်ဟု
ယုံကြည်ဝမ်းမြောက်ရမည်။ ကောင်းမှုကုသိုလ်များကို တတ်နိုင်သမျှလုပ်ဆောင်ရမည်။ လုပ်ဆောင်ပေးနေမှုများကိုလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမည်။
ကုသိုလ်အာရုံသို့ ရောက်နေရန် သတိထားရမည်။
ဘုရား၊ တရား၊ အာရုံ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများ ပွားနိုင်ပါလျှင်ပွားများနိုင်ရန်လည်း စိတ်ညွှတ်ထားသင့်ပါသည်။
ေ သေဆုံးခြင်းအယူအဆ
မိမိတို့၏ မိဘရိုးရာအရပ်ဒေသ ဘာသာဝါဒအားလျော်စွာ သေဆုံးခြင်းကို
အမျိုးမျိုး၊ အဖုံဖုံ ယူဆကြပါသည်။ ဗုဒ္ဓ၏တရားတော်အရ မှားသော အယူအဆကြီး
နနှ နှစ်မျိုးရှိ၏။
၁။ တည်မြဲအယူမှား၊ သဿတ်သတ္တဒိဋ္ဌိ
သတ္တ၀ါတို့၏ ၀ိညာဉ် (အသက်ကောင်၊ အတ္တ)သည် တည်မြဲသည်ဟု အယူမှားဖြစ်သည်။
သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးသွားသောအခါ ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကြီးသည်
အသုဘကောင်အဖြစ် ဤဘ၀တွင်ကျန်ခဲ့၏။ ၀ိညာဉ်သည် ဘ၀သစ်တစ်ခုသို့
ကူးပြောင်းသွားပြီး ဘ၀သစ်၌ ဖြစ်သည်ဟု ယူဆခြင်းဖြစ်၏။ တစ်နည်းအားဖြင့်
ဘ၀ဟောင်းခန္ဓာအိမ်အသစ်လဲကာ ဘ၀သစ်၌ ပြောင်းရွှေ့၍ဖြစ်သည်။ မပြတ်မစဲ
အသက်ကောင်လေး မြဲသည်ဟု ယူဆသော အယူမှားဖြစ်၏။ မပျက်မစီးဘဲ အမြဲတည်နေသော
အတ္တ၊ အသက်၊ ၀ိညာဉ်က တစ်ဘ၀ပြီး တစ်ဘ၀ကူသွားသည်ဆိုသော အယူအဆဖြစ်သည်။
၂။ ပြတ်စဲအယူမှား၊ ဥစ္ဆေဒဒိဋ္ဌိ
သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးလျှင် ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကိုယ်နှင့်
ဝိညာဉ်နှစ်ခုလုံးသည် ဤဘ၀ဟောင်းမှာပင် အပြီးအတိုင် ချုပ်ပြတ်သွားကြသည်။
ေေ နောက်ဘ၀၌ဖြစ်သော ပုဂ္ဂိုလ်သတ္တ၀ါသည် အသစ်တစ်ယောက်ဖြစ်သည်ဟု
ယူဆသောအယူဖြစ်သည်။ ဘ၀ဟောင်းက ရုပ်နာမ်ခန္ဓာအားလုံးသည် (အသက်ကောင်၊အတ္တနှင့်တကွ) ဘ၀သစ်၌ လုံးဝ အဆက်အစပ် မရှိတော့ပါ။သတ္တ၀ါတစ်စုံတစ်ယောက်သေလျှင် ဘ၀ဟောင်းနှင့် အားလုံးပြတ်၏။ တစ်ဘ၀တုံးလျှင်တစ်ဘ၀၏ ရုပ်နာမ်တွေအားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်းမရှိဟူသောအယူဖြစ်သည်။
ထိုအယူမှားကြီးနှစ်မျိုးအပြင် ဘ၀ဟောင်း ချုပ်ပြတ်ရာ ဘ၀သစ်မကူးမကြားကာလ အချိန်အတွင်း ခေတ္တဘ၀တစ်ခုရှိသေးသည်ဟူသော အယူအဆဖြစ်သည်။ ဤအယူကို အချို့သော
ဗုဒ္ဓဘာသာဝင်တို့ပင် လက်ခံကြ၏။
ကြားခံဘ၀အယူမှား အန္တရာဘ၀ဒိဋ္ဌိ
လူသည် သေဆုံးပြီးနောက် ရောက်ထိုက်သော ဘ၀သို့ရောက်ရန် အခြေအနေ
မပေးသေးလျှင် သေသူ၏ အသက် ၀ိညာဉ်သည် သရဲ၊ တစ္ဆေအဖြစ်နှင့် သင်းချိုင်းတွင်
ေေ တောထဲတွင် လှည့်လည်သွားလာနေရသည်။ သူ့အိမ်၊ သူ့ပစ္စည်းဥစ္စာ၊ သူ့မိသားစု
စသည်အနီးအနား သွားလာနေကြသည်။ တစ်ခါတစ်ရံ ကိုယ်ထင်ပြသည်။ တစ်ခါတစ်ရံ
အသံပေးသည်ဟု ယူဆကြသည်။ များသောအားဖြင့် သေသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်းတွင်
သူရောက်ထိုက်သော ဘ၀ကို မရောက်သေးဘဲ သူရဲ၊ တစ္ဆေ၀ိညာဉ် ဘ၀နှင့်
သွားလာနေကြရသည်ဟု ယူဆစွဲလမ်းကြပါသည်။ သေသူ၏ ၀ိညာဉ်ကို ရည်စူးပြီး ရက်လည်
ဆွမ်းသွတ်ခြင်း၊ သပိတ်သွတ်ခြင်းစသော ဒါနကောင်းမှုများပြု၍
အမျှအတန်းဝေမှသာလျှင် ထိုဝိညာဉ်ကလေး ကျွတ်လွတ်ပြီး သူရောက်ထိုက်သော
ဘ၀သို့ ရောက်သွားသည်ဟု ယူဆကြခြင်းဖြစ်၏။
ဗုဒ္ဓ၏ တရားတော်အရ ဘ၀သစ်ဖြစ်ပုံ
ဗုဒ္ဓအဘိဓမ္မာသဘောအရ သတ္တ၀ါတစ်စုံတစ်ဦး သေဆုံးသောအခါတွင် ရုပ်နှင့်
စိတ်နာမ်ပါ ချုပ်ငြိမ်းပျက်စီးသွား၏။ ယခု ဘ၀တွင် ပြုလုပ်ခဲ့သော
စွဲလမ်းတပ်မက်မှုနှင့် ကံစသော အကြောင်းတရားများကြောင့် နောင်ဘ၀တွင်
အကျိုးတရားအနေဖြင့် ရုပ်သစ်စိတ်သစ်၊ ဘ၀သစ်ဖြစ်ပါသည်။ ဘ၀ဟောင်းရုပ်၊
စိတ်နာမ်ချုပ်ငြိမ်း၍ ဘ၀သစ်ဖြစ်ခြင်းသည် စက္ကန့်မျှမကြာသော
အချိန်အတွင်းတွင် ဖြစ်ပါသည်။ ထို့ကြောင့်
ရှေးဘ၀သေစိတ်ချုပ်ပျက်ပြီးသည်နှ
ပဋိသန္ဓေစိတ်ချက်ချင်းဖြစ်၏။ နောင်ဘ၀ ပဋိသန္ဓေနေရခြင်းကို ပဲ့တင်သံ၊ မှန်
စသည် ဥပမာအားဖြင့် ဖေါ်ပြကြပါသည်။
ပဲ့တင်ဥပမာ
ေေ တောတောင်၊ လှိုဏ်ခေါင်းများအတွင်း၌ အော်ဟစ်သောအသံသည် တောင်နံရံ၊
လှိုဏ်နံရံများနှင့် ထိခိုက်သောအခါ ပဲ့တင်သံများကိုပြန်ကြားရ၏။
ထိုပဲ့တင်သံသည် မူလအော်သော လူ၏ အသံလည်းမဟုတ်။ လူ့အသံနှင့် ကင်း၍
အလိုအလျောက်ဖြစ်ပေါ်လာသော အသံလည်းမဟုတ်ပေ။ မူလအသံကြောင့် ဖြစ်ပေါ်လာသော
ပဲ့တင်သံကဲ့သို့ ယခုဘ၀မှ ကံစသော အကြောင်းများကြောင့် နောင်ဘ၀သစ်၌
ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်သည်။ မူလအော်သောအသံသည် ယခုဘ၀မှ ကံစသော
အကြောင်းများနှင့် တူသည်။ ပဲ့တင်သံသည် နောင်ဘ၀သစ်၌ ပဋိသန္ဓေနေရဖြစ်ရခြင်းနှင့် တူသည်။
မှန်ဥပမာ ကိုယ်လုံးပေါ်မှန်ရှေ့၌ လူတစ်ယောက်သွားရပ်လိုက်သောအခါ ထိုလူ၏ အရိပ်သည်
မှန်ထဲ၌ သွားထင်လေသည်။ မှန်ထဲ၌ ထင်သောအရိပ်သည် ရပ်နေသော လူလည်းမဟုတ်ပေ၊
ထိုလူနှင့်ကင်း၍လည်း မဖြစ်နိုင်ပေ။ ရပ်နေသောလူကြောင့် ဖြစ်ပေါ်လာသော
အရိပ်ကဲ့သို့ ယခုဘ၀မှ ကံ စသောအကြောင်းများကြောင့် နောက်ဘ၀သစ်၌
ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်ပေသည်။ မှန်ရှေ့၌ ရပ်နေသောသူသည် ယခုဘ၀မှ ကံ
စသော အကြောင်းများနှင့် တူပေသည်။ မှန်ထဲ၌ရှိသော အရိပ်သည် နောက်ဘ၀သစ်၌
ပဋိသန္ဓေနေရ ဖြစ်ရခြင်းနှင့် တူပေသည်။ထို့ကြောင့်ပင် ရှေးကံကောင်းလျှင် ယခုဘ၀ရုပ်နာမ်ကောင်း၏။ ရှေးကံညံ့လျှင်
ယခုဘ၀ ရုပ်နာမ်ညံ့၏။ ဤ ဘ၀၌ အကောင်းအဆိုး အမျိုးမျိုးကို တွေ့ရသည်မှာ
ေ ရှေးဘ၀က ပြုလုပ်သော ကံ၊ ဤဘ၀ဉာဏ်၊ ၀ီရိယတို့ကြောင့်သာဖြစ်သည်။
ေေ သေဆုံးပြီးနောက် ပထမဆုံးဖြစ်သော ရုပ်၊ စိတ်နာမ်တို့ကို “ပဋိသန္ဓိ”
ြ မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထို ပဋိသန္ဓေ၊ ရုပ်၊
စိတ်နာမ်များသည် ကံကြောင့် ဖြစ်ရသောကြောင့် ကံအမျိုးမျိုးလိုက်၍ ဥပပါတ်
ပဋိသန္ဓေ၊ သံသေဒဇပဋိသန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု လေးမျိုးရှိ၏။
၁။ ဥပပါတ် ပဋိသန္ဓေ
ခန္ဓာကိုယ်အထင်အရှားဖြစ်သော ပဋိသန္ဓေဖြစ်၏။ နတ်၊ ဗြဟ္မာ၊ ငရဲသား၊ ပြိတ္တာ၊
အသူရကာယ်တို့သည် ဥပပါတ်ပဋိသန္ဓေဖြစ်၍ မိခင်ဝမ်းတွင်း၌ အောင်းဖွယ်မလို၊
ပဋိသန္ဓေ ရုပ်၊ စိတ်နာမ်များဖြစ်သည်နှင့် တစ်ပြိုင်နက် သူတို့နေရမည့်ဗိမာန်၊ တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာ၊ ကမ်း စသော အရပ်များ၌ သူတို့၏နဂိုအရွယ်အတိုင်း အထင်အရှားဖြစ်၏။
၂။ သံသေဒဇပဋိသန္ဓေ
ငြိတွယ်၍ဖြစ်လောက်သောအရပ်၌ ကပ်ငြိတွယ်၍ဖြစ်ရသော ပဋိသန္ဓေဖြစ်၏။
အလွန်သေးငယ်သော အရွယ်မှစ၍ တဖြည်းဖြည်း ကြီးလာရ၏။ ပိုး၊လောက်စသော
သတ္တ၀ါများ မစင်ပုပ်၊ ငါးပုပ်စသော အရာဝတ္ထုများတွင် ငြိတွယ်၍ ဖြစ်ကြရ၏။
၃။ အဏ္ဍဇပဋိသန္ဓေ
အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက်၊ ငှက် စသော သတ္တ၀ါတို့သည်
အဏ္ဍဇပဋိသန္ဓေနေရသော သတ္တ၀ါများ ဖြစ်၏။
၎။ ဇလာဗုဇပဋိသန္ဓေ
အမိဝမ်းတွင်းသားအိမ်၌ ဖြစ်ကြရသော လူ၊ မြင်း၊ ကျွဲ၊ နွား စသော
သတ္တ၀ါတို့သည် ဇလာဗုဇ ပဋိသန္ဓေ နေရသော သတ္တ၀ါများဖြစ်သည်။ ဘုမ္မစိုး၊
ရုက္ခစိုး ဟုခေါ်သော အောက်နတ်တို့တွင် အချို့နတ်များသည် ဇလာဗုဇပဋိသန္ဓေနေကြရ၏။
ထို့ကြောင့် ဗုဒ္ဓ၏ အဘိဓမ္မာတရားတော်အရ သတ္တ၀ါတစ်ဦးသေဆုံးလျှင် ဆုံးချင်းနောင်ဘ၀ အသစ် တစ်ခု စက္ကန့်မဆိုင်းဘဲ မိမိ၏ ကံအားလျော်စွာပဋိသန္ဓေတည်ဖြစ်ကြရသည်။
ေေ သေသူတို့အပေါ်အယူအဆ
လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ အချို့သူတို့သည် သေသူ၏
သင်းချိုင်းမြေပုံပေါ်မှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ
မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ သစ်ကိုင်းကလေး
တစ်ကိုင်းဖြစ်စေ၊ ပန်းခွေ၊ ပန်းခြင်းမှ ပန်းတစ်ပွင့်ကိုဖြစ်စေယူ၍
အိမ်တွင်ထားကြသည်။ အချို့သည် သေသူ၏ ဓာတ်ပုံကို တစ်နေရာရာတွင်ထား၍ ထမင်း၊
ဟင်း၊ မုန့်ပဲသရေစာ စသည်များ တင်ထားကြသည်။ ယင်းကို (၇)ရက်အထိ
လုပ်ဆောင်ကြသည်။ သေသူ၏ ၀ိညာဉ်သည် ခဲလုံး၊ သစ်ကိုင်း၊ ပန်း၊ ဓာတ်ပုံတွင်
ရှိနေသည့် သဘောသက်ရောက်ပါသည်။
အချို့မှာ ဆွမ်းကျွေး၊ သပိတ်သွတ်၊ သရဏဂုံတင်သောအခါတွင် အလောင်းနားသွား၍
ဖြစ်စေ၊ အခေါင်းကိုပုတ်၍ဖြစ်စေ၊ တရားနာ ဖိတ်ကြသည်။ ယင်းသည် သေသူ၏
ဝိညာဉ်သည် အလောင်းထဲတွင် အလောင်းနားတွင်ရှိနေသေးသည်ဟူသော အဓိပ္ပါယ်
ဖြစ်နေပါသည်။
အချို့မှာ သေသူ၏ ၀ိညာဉ်(၇)ရက်အတွင်း အိမ်အတွင်း ၀င်ထွက်သွားလာနိုင်ရန်
တံခါးပေါက်များဖွင့်ထားခြင်း အပေါက်ချန်ထားခြင်းများ ပြုလုပ်ပေးကြသည်။
ဗုဒ္ဓအဘိဓမ္မာအရ တစ်ဦးတစ်ယောက် ကွယ်လွန်လျှင် ချက်ချင်း ထိုသူရောက်ထိုက်သော
ဘ၀တွင် ပဋိသန္ဓေ တစ်မျိုးမျိုးနှင့် ရုပ်နာမ်အသစ်နှင့် ဘ၀သစ်ဖြစ်ပြီးနေ၍
အလောင်းထဲတွင်ဖြစ်စေ၊ အလောင်းနားတွင်ဖြစ်စေ အိမ်နားတွင်ဖြစ်စေ၊
သင်းချိုင်းစသည်တို့၌ ထိုသူလုံးဝမရှိတော့ပေ။
သို့သော် ကွယ်လွန်ပြီးနောက် ချက်ချင်း၊ တစ္ဆေ သရဲဆိုသော ပြိတ္တာဘ၀တွင်
ဘ၀သစ်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို မျှော်လင့်တောင့်တရင်း အနီးအနားတွင်
ရှိကောင်းရှိနေဦးမည်ဟူသော သဘောဖြင့် တရားနာဖိတ်လျှင် ကောင်းပါသည်။ သေသူ၏
ဓာတ်ပုံအနီးတွင် အစားအစာတင်ထားခြင်း၊ ပန်းအိုးထိုး၊ မီးထွန်းသည်များသည်
ေေ သေသူ၏ ၀ိညာဉ်ရှိနေသေးသည်ဆိုသော အယူအဆမဟုတ်ဘဲ အသက်ရှင်စဉ်ရှိ
ဂုဏ်ကျေးဇူးများကို အမှတ်ပြု၍လည်းကောင်း၊
ချစ်ခင်မြတ်နိုးစိတ်ဖြင့်လည်းေ
ဝတ္တရားအတိုင်း ပြုလုပ်ပေးခြင်းသည် ကောင်းပါသည်။ ထိုသို့ မဟုတ်ပါဘဲ
ဝိညာဉ်သည် တည်မြဲလျက်ရှိသည်။ သို့မဟုတ် (၇)ရက်အတွင်း ၀ိညာဉ်ရှိနေသေးသည်ဟု
ယူဆလျှင် သဿတဒိဋ္ဌိနှင့် အန္တရာဘ၀ဒိဋ္ဌိများဖြစ်သွားနိုင်ပါ
သတိထားလုပ်ဆောင်ကြရပါမည်။