Showing posts with label ကျမ်းမာရေး. Show all posts
Showing posts with label ကျမ်းမာရေး. Show all posts

Tuesday, January 13, 2015

ကင်ဆာအတွက်သင်္ဘောရွက်



လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင်
ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်နေချိန်က ဖြစ်သည်။
တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး
ဒေါက်တာတင်အောင်သည်

ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏
ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည်
ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင်
တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။(ဆောင်းပါးနည်းနည်းရှည်သည်
အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်းအပိုင်း ခွဲ၍
ဖတ်ကြပါလေ)

“ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော်
ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို
ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့
ဓါတ်ရောင်ခြည် ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့
ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်
ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက
၃-လကျော်လောက် အကြာမှာ အဲဒီ ဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို
စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကိုတွေ့ရတယ်။
ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က
သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည် ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက်
ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရော ဂါဟာ
သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။
ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့
အားလုံးပျောက်လိမ့်မယ်လို့ ကောက်ချက်ချ မပြောနိုင်ဘူးဆရာ။
ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး
ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍
ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။

ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။
၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီးဒေါက်တာ တင်အောင်သည် ကွယ်လွန်
သွားရှာသည်။ ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း
သူ၏ပြောပြချက် ကို
မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက
ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက
လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန်
တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။
ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော
ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ (
တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း
စုံစုံ လင်လင် ရေးသားထားသည် ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း
ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက် အကြောင်းပြောကြားချက်ကို
သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည်
ဆရာဝန် လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို
အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည်
ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသောအတိုင်းအတာအထိ
အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု
တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော
ဆောင်းပါးအပြည့်အစုံ မှာအောက်ပါအတိုင်း ဖြစ်ပါသည်။

“သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။
လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့်
နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့်
( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း
ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည်
သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့်
ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။
ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ
အစီရင်ခံစာကိုဖော်ပြပါမည်။

“ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည်
ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄-
နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏
ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။

၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။
မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက် သတ္တုရည်ကို သောက်ခြင်းဖြင့်
ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ
ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌
သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့်
ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို
သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။
ကျွန်ုပ်သည် တီဘီရောဂါကို

ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။

ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။
နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော
ရွက်ကိုပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည်
ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း
ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ၁၆-ယောက်
ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင်
ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။
ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း
ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေး လုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိ မူကြောင့် သေမည့်လူတို့သည်
ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို
တကယ်ပျောက်ကင်းပါသည်။

(ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက်
တောက်စဉ်းကာ ဒယ်အိုးထဲ တွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။
၎-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး
ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍
နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀
မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည်
အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။

ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့်
ကုရပါသည်။ ရှေးဦးစွာ အသက်  ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင်
ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ
များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန်
ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ
ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ်
သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊
အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ
အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ
ကြွက်ရှိ ကင်ဆာ အကျိတ်များ ပျောက်ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin
ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ
များကိုမျှတစေပါသည်။ ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့်
သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။
သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။
၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။
၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသား
ကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို
စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက်
Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊
မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား
ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။
ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ်
သင်္ဘောရွက် ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့်
သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ
ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး
အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း
သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်း
ကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော
ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။
အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို
ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ
၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည်
စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင်
မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅
ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကိုမှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ
မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို
ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏
ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်းစစ်ချရမည်။ ထိုအခါ
အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။
ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေး အာနိသင်ပြယ် တတ်သည်။
အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင်
လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး
ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအား ကိုသာ
မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင်သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင်
ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။
ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ
သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင်
ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော
ရွက်သည်

တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း
ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့်
အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍
သုံးဆောင်ကြပါလေ။

ဒေါက်တာခင်ရွှေ

(တိရစ္ဆာန်ဆေးကုဆရာဝန်)

ဤကားဒေါက်တာခင်ရွှေ၏ ဘာသာပြန်ဆိုတင်ပြချက် ဖြစ်ပါသည်။

ကျွှန်တော်သည် ထိုအကြောင်းကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် (
တွဲဖက်ပါမောက္ခ-ငြိမ်း) ကိုစကား စပ်မိရင်း ပြောပြ သည်။
ဆရာတက္ကသိုလ်ဝင်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ
လည်ပင်းကြီး ရောဂါ ရနေရှာသူ နွမ်းပါးသောမိန်းကလေးတစ်ဦးအားပြောပြသည်။
သင်္ဘောရွက်စိမ်းကို ထောင်းထု၍ အရည်ညှစ် သောက်ကြည့်စေသည်။

ဆရာတက္ကသိုလ်ဝင်းမွန်က “ဆရာဝင်းရေ၊ အဲဒီမိန်းကလေးရဲ့
လည်ပင်းကြီးရောဂါဟာသိသိသာသာ လျော့ကျသွားတယ်” ဟူ၍ဖုန်းဆက် ပြောသည်။ သင်္ဘော
ရွက်စိမ်းကတော့တစ်နည်းမဟုတ်တစ်နည်း အာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။

ကျွန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။
ကျန်းမာပေါ့ပါးဖျတ်လတ်၍ တစ် နေ့လျှင် ၈-နာရီကျော်
အယ်ဒီတာနှင့်စာရေးဆရာအလုပ်ကို လုပ်ကိုင်နေပါသည်။ ကျွန်တော်သည်
ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကို ရေနွေးဖြော၍ မကြာခဏ
တို့စားလေ့ရှိပါသည်။ သဘောင်္ရွက်စိမ်း မစားဖြစ်သော နေ့ ဆိုလျှင်
ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍ တို့စားတတ်ပါသည်။ သင်္ဘောရွက်စိမ်းနှင့်
ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင်
နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။



Posted by မင်းမင်းဇော်

ဖတ်မိသမျှကို ထပ်ဆင့် ၍မျှဝေလိုက်ပါသည်။

 

ကျမ်းမာရေး အမေးအဖြေ




Low Back Pain ခါးနာ သက်သာစေရန်
 

• လူတိုင်းလိုလို တချိန်မှာ ဖြစ်ဘူးကြတယ်။ သူ့ဖါသူ ပျောက်သွားတာ များတယ်။ မပျောက်ဘူးဆိုရင် ထိရောက်တဲ့ ကုသနည်းတွေ ရှိတယ်။
• Dull ache ထုံပြင်းပြင်းနာတာနဲ့ Stabbing or shooting sensation ထိုးတာခံရသလိုနာတယ်။ ခါးမတ်အောင် နေလို့ မရဖြစ်တယ်။ အားကစားလုပ်ရင်း၊ အလုပ်လုပ်ရင်း ရုတ်တရက် နာလာတာ ရှိတယ်။ ၃ ရက်နေလို့မှ မပျောက်ရင် ဆရာဝန်ပြပါ။ ၃ လနေလို့မှ မပျောက်ရင် နာတာရှည်လို့ သတ်မှတ်တယ်။ 

• အသက် ၃ဝ ကျော်လောက်မှာ အများဆုံး စဖြစ်ဘူးတတ်တယ်။ ဒိထက် အသက် ကြီးလာလေလေ ဖြစ်နိုင်ခြေများလေလေ။ ကိုယ်အလေးချိန် ပိုလာတာ၊ လှုတ်ရှားမှု နည်းလာတာတွေကြောင့်ဖြစ်မယ်။
• ဆီးသွား-ဝမ်းသွားတာအထိ ထိခိုက်လာရင်၊ အောက်ပိုင်းမှာ အားနည်းလာရင်၊ ဖျားလာရင်၊ ချောင်းဆိုး လိုက်ချိန်မှာ ပိုနာတာဖြစ်ရင်၊ ဆီးသွားလို့ ပိုနာရင် အရေးကြီးတာ ဖြစ်နိုင်တယ်။
• အလေးအပင်မရာကနေဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်ရင်းကနေဖြစ်တာမျိုးက Muscle Strain ကြွက်သားနာတာ ခေါ်တယ်။
• နောက်တမျိုးက ခါးရိုးဆစ်က အရွတ်ရွေ့တာ Sciatica ခေါ်တယ်။ နောက်ဟာမျိုးဆိုရင် Sciatic nerve (ဆိုင်ယားတစ်) အာရုံကြောတလျှောက် လိုက်နာမယ်။ တင်ပါး-ပေါင်-ခြေသလုံးအထိ နာမယ်။
• အလုပ်လုပ်ရာမှာ အလေးမရတာ၊ ဆွဲရတာမျိုးတွေက Twists the spine ခါးကိုလိမ်သလိုလုပ်ရရင်ဖြစ်နိုင်တယ်။ ထိုင်လုပ်နေရတာ ကြာသူတွေလဲ နာနိုင်တယ်။
• ပိုက်ဆံအိတ်၊ ကျောပိုးအိတ်၊ လက်ဆွဲအိတ်တွေကြောင့်လဲ ဖြစ်နိုင်တယ်။
• Gym or Golf course အားကစားနည်းတွေကနေလဲ နာတယ်။
• ခါးရိုးမကြီးဆိုတာ အရိုးလေးတွေ တခုနဲ့တခု ထပ်နေတယ်။ အရိုးတခုနဲ့တခုကြားမှာ အရိုးနုပြားလေးတွေရှိတယ်။ အရိုးလောက် မသန်မာလို့ အသက်ကြီးသူတွေ အားမကောင်းတော့ဘူး။ ခါးကိုထိခိုက်မိရင် စုပ်ပြဲသွားနိုင်တယ်။ ကျွံသွားနိုင်တယ်။ နောက်ကိုကျွံရင် သူ့နောက်က အာရုံကြောမကြီးကို သွားဖိစေနိုင်တယ်။ Herniated Disc ခေါ်တယ်။ အလွန်နာမယ်။
• Spinal stenosis ခါးရိုးနေရာကျဉ်းတဲ့ရောဂါမျိုးကနေလဲ အာရုံကြောကိုဖိစေပြီး နာစေနိုင်တယ်။ Spondylitis ရောဂါကနေလဲ နာနိုင်တယ်။ Fibromyalgia ရောဂါကနေလဲ နာနိုင်တယ်။
• ခါးနာတာသေခြာအောင် X-rays, CT or MRI scans တွေနဲ့ခွဲခြားရတယ်။
1. Posture အနေအထိုင် ပုံစံ၊ ခါးမတ်ထိုင်ပါ။ ခါးအမှီပါစေရမယ်။ ပခုံးပါ နားစရာရှိသင့်တယ်။ ခြေထောက်ကလဲ နားစေနိုင်ရမယ်။ မတ်တပ်ရပ်ရင် ကိုယ်အလေးချိန်ကို ခြေနှစ်ဖက်လုံးပေါ်မှာ မျှနေပါစေ။
2. Muscle strain ကြောင့်နာတာမျိုးက သူ့အလိုလိုကောင်းမှာပါ။ ဒါပေမဲ့ Heating pad or warm baths အပူကပ်ပေးတာ လုပ်နိုင်တယ်။
3. Bed Rest ခါးနာတာကို နားခိုင်းမလား။ ခါးနာသူတွေက အိပ်ရာထဲကမထချင်ကြဘူး။ ဒါပေမဲ့ Muscle strain ကြောင့်သာဆိုရင် လုပ်နေကြအလုပ်ကို စောနိုင်သမျှစောပြီး ပြန်လုပ်သင့်တယ်။ အိပ်ရာထဲမှာ ၁-၂ ရက် နေသူတွေက ခါးနာပိုဆိုးစေနိုင်တယ်။
4. Yoga (ယောဂ) နည်းကို ၃ လနေလို့မှ မသက်သာသေးသူတွေ ၃ လ လုပ်သင့်တယ်။
5. Spinal Manipulation အထူးကုဆရာဝန်တွေက တချို့ကိုလုပ်ပေးတယ်။
6. Massage Therapy နှိပ်နည်းကို နာတာရှည် ခါးနာသူတွေကို လုပ်ပေးနိုင်တယ်။ ဒါလဲ ၂ လလောက် အချိန်ယူတယ်။
7. Acupuncture အပ်စိုက်ကုသနည်း ထိရောက်မှုက လေ့လာမှုတွေမှာ မတူကြတာတွေ့ရတယ်။ Simulated acupuncture နည်းရော Real acupuncture with needles နည်းရောလုပ်နတယ်။
8. Acetaminophen, Ibuprofen, or Naproxen စားဆေးတွေနဲ့ Pain-relieving creams လိမ်းဆေးတွေ သုံးတယ်။ လိုသေးရင် ပိုပြင်းတဲ့ဆေးပေးမယ်။
9. Steroid Injections (စတီရွိုက်) ထိုးဆေးလဲ တချို့ကိုထိုးပေးတယ်။
10. ခွဲစိတ်ကုသနည်း၊
11. Physical Therapy (ဖီဇီယို) ကုသနည်းမှာ Stretches, Strength exercises, and Low-impact cardio နည်းတွေသုံးတယ်။
12. ခါးကို Flexion and extension exercises ခါးကို အကွေး-အဆန့် လေ့ကျင့်ခန်း လုပ်ပေးတယ်။
• ဘယ်လို ကာကွယ်မလဲ။ အတိအကျ မဖြစ်ရပါဘူးလို့ အာမခံနိုင်တာ မရှိပါ။
o ကိုယ်အလေးချိန်ထိန်းပါ၊
o လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
o မ,စရာရှိရင် ခြေနဲ့သာ မပါ။ ခါးနဲ့ မမပါနဲ့။ အလုပ်လုပ်ရာ အနေအထိုင်မှာ ခါးကို သက်တောင့်သက်သာ အမြဲရှိပါစေ။
ခေါင်းအုံးမြင့်တာ မသင့်ပါ။ အိပ်ရာခင်း မာမာမှာသာ လဲလျောင်းပါ၊ အိပ်ပါ။ မွေ့ယာ မသင့်ပါ။ ကြိုးကုတင်၊ Dream bed (ဒရင်းမ်ဘက်)၊ စပရင်ကုတင် မသင့်ပါ။ ထိုင်ရင် ပေါင်ကအောက်ခံမှာထိနေ၊ ကျောက နောက်မှီနဲ့ထိနေရမယ်။ ဖင်ထိုင်ခုံမှာ မထိုင်ပါနဲ့။ ကြမ်းပေါ် တင်ပါးချ မထိုင်ပါနဲ့။ ပက်လက်ကုလားထိုင်၊ (ဆိုဖါ) အိတာမှာ မထိုင်ပါနဲ့။ မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးလုပ်ရာမှာ ကြွေခွက်၊ စားပွဲ၊ ခုံ ကိုယ်နဲ့အနေတော်ပါစေ။ နည်းနည်းလေးမှ မကုံးရစေပါနဲ့။ ရေအိမ်သာ ဒူးကို ၉ဝ ဒီဂရီ ကွေးနိုင်တဲ့ အမျိုးအစားသုံးပါ။

ဆရာကြီး Dr. တင့်ဆွေ အားမေးခဲ့သောမေးခွန်းများအား တင်ထားပါသည်
၂ဝ-၂-၂ဝ၁၂