Showing posts with label မင်္ဂလာနှစ်သစ်ပါ. Show all posts
Showing posts with label မင်္ဂလာနှစ်သစ်ပါ. Show all posts

Wednesday, January 1, 2014

မင်္ဂလာနှစ်သစ် 2014

 2013 သည် ကျွန်မအတွက် ကံကောင်းခြင်းတွေ ရယူခဲ့သောနှစ်လို့ ပြောရင် မှားမယ်မထင်ပါ။
လိုချင်တာတွေ ရသင့်သလောက်ရခဲ့ပါတယ် ။ ကုသိုလ် တရားတွေ၊ အသိတရားတွေ၊ ဆင်ခြင်တုံတရားတွေ ရခဲ့သောနှစ်လည်းဖြစ်ခဲ့ပြန်ပါတယ်။ အသက်တနှစ် ကြီးလာတိုင်း သိနေတာကတော့ ငါ တရားအလုပ် မလုပ်ဖြစ်သေးဘူးဆိုတာပဲ။ သံယောဇဉ်တွေ လျှော့ချင်လာပြီ။ မလှုဖြစ်သေးတဲ့  အလှုကြီးတွေ မရသေးတဲ့ ကုသိုလ်တွေ ရချင်မိတယ်။ မလိုချင်ပဲရနေတဲ့ အကုသိုလ်တွေ ပါယ်ချပစ်ချင်တယ်။ လုပ်ချင်ရဲ့သားနဲ့ မလုပ်ဖြစ်ခဲ့တဲ့ ကုသိုလ်တွေ တရားအလုပ်တွေ 2014 မှာ မရသေးတဲ့ ကုသိုလ်တရားတွေ ပါယ်ရမဲ့ အကုသိုလ်တရားတွေ ရနိုင်ရက်သားနဲ့မလုပ်ပဲ မကျန်ခဲ့ရလေအောင် ကိုယ့်ကိုကိုယ် တွန်းအားပေးပြီး သတိတရားထားပီးနေရမဲ့ နှစ်ဖြစ်ပါတော့တယ်………………………..