Thursday, December 3, 2015
ပျော်ရွှင်စရာ တန်ဆောင်တိုင်စတုဒီသာညလေး
 နှစ်တိုင်းလှုနေကြစတုဒီသာပွဲလေး မှာ
ဒီနှစ်တော့ရွှေရင်အေးအလှုလေးလှုဖြစ်ပါတယ်။
မစခင်ပြင်ဆင်နေကြတာ    
ဆရာလင်းနှုင့်အတူ
တယောက်တလက် ၀ိုင်းလို့ကူ
သောက်တဲ့သူအားလုံးရျွှေရင်အေးစေမဲ့ရွှေရင်အေး
လာလိုက်ကြတာကျိတ်ကျိတ်တိုး
အလှုဒါနပြုရလို့အပြုံးကိုယ်စီ
ဒီနှစ်မှာလည်း ကြိတ်ကြိတ်တိုးစည်ကားပါတယ်
Friday, May 22, 2015
တောင်ငူမြို့ နှင့် သံတောင်ကြီးခရီးစဉ် သူငယ်ချင်းများနှင့်အတူ အမှတ်တရပါ
နေ့စဉ် အလုပ်တွေနဲနေရတဲ့အချိန်တွေကိုမေ့ပြီး သူငယ်ချင်းတွေနဲ့အတူ ခရီးတိုလေးထွက်ခဲ့တယ်။
ခနတာဆိုပေမဲ့ တောတောင်တွေနဲ့သဘာရှုခင်းတွေကြောင့် စိတ်ကိုလမ်းဆမ်းသွားစေတယ်။
ရွှေဆံတော်ဘုရားပေါ်မှာ
ကြာသင့်တာတွေ
မကြာစေကြောင်း
 ကြာတွေလှူ ကာဆုတောင်းပါသည်
မကြာမတင်ပြည့်ပါစေ
တောင်ငူမြို့ ရွှေဆံတော်ဘုရားပေါ်မှာ ကြာပန်းတွေလှုခဲ့တယ်။ ပဌန်းရွတ်ပြီး ဘုရားကိုပူဇော်ခဲ့တယ်။ ၃၁ ဘုံသားတွေကိုအမျှပေးဝေခဲ့တယ်။
တချိန်တုံးက မအေးချမ်းခဲ့တော့ဒါမျိုးစခန်းတွေတွေ့ခဲ့တယ်။
 ဦးဖိုးကျား ဆင်စခန်းမှာ
 သစ်လုံးအိမ်ရှေ့
သစ်လုံးအိမ်ရှေ့
ဆုတောင်းပြည့်တယ်လို့ကြားတဲ့ နော်ဘူဘောတောင်ပေါ်မှာ
 ပသိချောင်းလေး မှာ သူငယ်ချင်းတွေရေချိုးကြပေမဲ့ ငှက်ဖျားကြောက်လို့မချိုးခဲ့ဘူး
 လှပတဲ့ နော်ဘူဘောတောင်ကြီး
Thursday, May 14, 2015
ရေးမိရေးရာ
ဘလော့လေးမဖွင့်တာကြာလို့ သတိယလို့ဖွင့်လိုက်မိပြန်တယ်။ ဖွင့်ပီးကာမှ FB ဆီပြန်ရောက်သွား၊ ဒီရက်အတွင်းဒီဆိုဟိုရောက်၊ ဟိုဆိုဒီရောက်နဲ့ ငါနှယ် ဘာဖြစ်နေတယ်မသိ၊ အသက်ရလာလို့ အာရုံစူးစိုက်လို့မကောင်းတော့ဘူး၊ မေ့လိုက်တာလည်းမပြောပါနဲ့၊ သတိထားပြီးနေတာတောင်မေ့တတ်ေ နတယ်၊ ညီမ မဒမ်ကိုးရဲ့စာတွေဖတ်ပြီး စာတွေရေးချင်လာပြန်ရော၊ ရေးလည်းရေးတတ်တဲ့မဒမ်ကိုးပါပဲ။ ရေးချင်ပေမဲ့ အချိန်ကမရ၊ ရေးမယ်လုပ်ပြန်တော့ အလုပ်ကပေါ်လာ၊ ဒီလိုနဲ့ပဲ ဘလော့လေးကိုပစ်ထားနေရတာပါဘဲ။ တချိန်ချိန်တော့အေးအေးဆေးဆေး အားတဲ့ရက်ကိုရောက်လာမှာပါ၊ အဲဒီအချိန်ကျရင်သာ မျက်လုံးကောင်းနေပါစေလို့ဆုတောင်းမိပါရဲ့။ ဟောပြောနေရင်းနဲ့ FB ဆီရောက်သွားပြန်ပီ၊ ဟွန်း.......................ပြောကိုမပြောချင်ဘူး၊ အံ့ပါရဲ့ နော် @@@@@@
အော်ရေးရင်းနဲ့အိပ်ချင်လာပီ..............၀ှါးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘုရားလဲရှစ်ခိုးရအုံးမယ်.......တော်ပီ နောက်နေ့မှပဲဆက်ရေးတော့မယ်*****
ဒီလိုနဲ့ပဲဘလော့လေးလဲ မှိုတက်လာတော့မယ် ..........................
ရေးချိန် 11: 12
14.5.15
Wednesday, April 22, 2015
ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း
------
မိတ်ဆွေတစ်ဦးမှ ပေးပို့လာတဲ့ ဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ အများသိအောင် ပြန်လည်မျှဝေပေး လိုက်ပါတယ်။
ကျနော် အားကစားလုပ်ရင်း ခါးနာတဲ့ ဒဏ်ရာကို ရခဲ့ပါတယ်။ လိမ်းဆေးမျိုးစုံလိမ်းကြည့်ခဲ့တယ်။ အနှိပ်သည်များနဲ့လည်း ကုသခဲ့ပါတယ်။ မပျေက်သေးလို့ အဘကြီးတစ်ယောက်က သူသိထားတဲ့ ဆေးနည်းကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့်လိုက်တာ တကယ်လက်တွေ့ ပျောက်ကင်းခဲ့ပါတယ်။
သူငယ်ချင်းတစ်ယောက်ကလည်း ဒူးနာလို့ ဒီဆေးနည်းကို စမ်းကြည့်လိုက်တာ တကယ်ပျောက်သွားလို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဒါ့ကြောင့် ဒီဆေးနည်းလေးကို ကျန်းမာရေးသတင်းများကနေ အများသိအောင် မျှဝေပေးစေချင်ပါတယ်။
ဆေးနည်းကတော့-
၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
၂။ ကြက်ဥကို အလုံးလိုက် ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြက်ဥ ဆိုလျှင် ပိုကောင်းပါသည်)
၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင်
ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
၎။ ၄င်းသင်္ဘောသီးကို မီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။ သင်္ဘောသီးကိုတော့ စားစရာမလိုပါ။
တစ်ပတ်ကို (၁)ကြိမ်နဲ့ (၃)ပတ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံး ဆေးနည်းလေးမို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်
စောနွဲ့ နေဆိုင်(ပူတာအို) - ကျန်းမာရေးသတင်းများ
Tuesday, February 3, 2015
ဘယ်လမ်းကိုရွေးလျှောက်မလဲ
Add caption
ဒီနေ့ဆရာကြီးမောင်သာရရဲ့စာလေးမန္တလေး ဂေဇက်မှာဖတ်မိတော့ တွေးစရာ ရေးစရာလေးတွေဖြစ်လာပါတယ်။ ပထမဆုံး ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်....ကဲကိုယ်ကိုတိုင်ကော အသက်ကြီးရင်ဘယ်သွားမှာလဲ။ အိမ်မှာပဲသားသမီးတွေနဲ့တူတူနေမှာလား.....ရိပ်သာကိုပဲသွားနေမှာလား....ဘယ်လိုကြိုတင်စဉ်းစားထားလဲအစရှိသဖြင့်ပေါ့
တွေးစရာဖြစ်လာပါတယ်။ ကျန်ခဲ့တဲ့ လေးလလောက်က အမျိုးသားရဲ့ဘက်ကအဘကြီးတယောက် အသက်က ၈၀ ကျော်လောက်ရှိပါပြီ။ သားသမီးတွေထားခဲ့ပြီး ငယ်စဉ်တုံးကနောက်အိမ်ထောင်ပြုပြီး အိမ်ကထွက်သွားတော့ အသက်ကြီးလာချိန်မှာကျန်ခဲ့တဲ့သားသမီးတွေကလည်းသံယောဇဉ်ပြတ်ကာ ကြည့်  ရှုစောင့်ရှောက်လိုစိတ်မရှိပဲ ရန်ကုန်ကသဘာဝတရားရိပ်သာကိုပို့ပေးခဲ့ရပါတယ်။ အဘကြီးမှာ မသွားချင်ပေမဲ့လည်းကြည့်ရှုစောင့်ရှောက်မဲ့သူမရှိပြန်တော့ မသွားချင်ပေမဲ့လည်းသွားခဲ့ရပါတယ်။ သံလျှင်သဘာဝတရားရိပ်သာကိုရောက်ဖူးသူတိုင်းသိကြမှာပါ။ ဘိုးဘွားတွေကလည်းများလိုက်တာမပြောပါနှင့်၊အလှုရှင်တွေလည်းနေ့စဉ်လိုအပ်နေသလို၊ ဘိုးဘွားတွေကလည်းနေ့စဉ်ဝင်လာမဆဲတသဲသဲဆိုပါတော့၊ ဆရာတော်ရဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ကိုမ ချီးကျူးပဲမနေနိုင်ပါ။ သာမန်လူများမလုပ်နိုင်တဲ့အလုပ်တွေကို ပါရမီရှိသူများသာလုပ်နိုင်စွမ်းပါတယ်။ သစ်တပင်ကောင်းငှက်တစ်သောင်းနားဆိုပေမဲ့သစ်တပင်ကောင်းနေတာတောင် ငှက်တစ်သောင်း ကိုနားစေလိုတဲ့စိတ်ရှိမှ၊ စိတ်ရှိတာတောင် နားနိုင်မဲ့ အကြောင်းတရားတွေပြည့်စုံပါမှပါ။
ဘ၀တလျှောက်လုံးမှာ ရှိရှိသမျှလူအားလုံးဟာ ကိုယ့်အထွာလေးနဲ့ကိုယ်သွားနေကြရတာပါ။ အင်အားကြီးနိုင်ငံတွေလောက် ဖက်စလတီမပြည့်စုံပေမဲ့ ကျွန်မတို့မြန်မာတွေ  စေတနာသဒ္ဒါတရား နဲ့ပတ်သတ်လာရင် ဘယ်နိုင်ငံမှ မယှဉ်နိုင်လောက်ပါဘူး။ လက်တွေဘ၀ရဲ့ စားဝတ်နေရေးအတွက်အလုပ်လုပ်ရင်း၊ ကိုယ်ကိုတိုင် အသက်ကြီးလာမဲ့အချိန်ကိုမှန်းရင်း၊ ပြင်ဆင်စရာရှိ တာတွေပြင်ဆင်ထားသင့်နေပါပြီဟုတွေးရင်းနဲ့ပဲ စာလေးကိုအဆုံးသတ်လိုက်ပါတော့တယ်။
ပိုစ်တင်ချိန်။     ။ 1:30 (pm)
                     3.2.15
Tuesday, January 20, 2015
Facebook Graph Search ကို အသုံးပြုနည်းများ
Facebook Graph Search ကို စမ်းသပ်အသုံးပြုခွင့်ပေးထားတာကြာပါပြီ။တစ်ချို့ တွေ လည်း သုံးနေကြတာကြာပြီဖြစ်ပြီး တစ်ချို့ တွေကတော့ မသိသေးလို့ အသုံးမပြုသေးပါဘူး။ဒီဆောင်းပါးမှာ Graph Search ကိုအသုံးပြုနည်းတစ်ချို့ ကို ရေးပါမယ်။Graph Search ကို အသုံးပြုခြင်းအားဖြင့် သင့်သူငယ်ချင်းတွေ၊ဆွေမျိုးတွေ၊၀ါသနာတူရာ လူပုဂ္ဂိုလ်တွေကို ပိုပြီးအဆင်ပြေပြေရှာဖွေနိုင်တဲ့ အတွက် အသုံးပြုသင့်ပါတယ်။
Get Graph Search
Graph Search ကို အသုံးပြုချင်ရင် ဒီလင့်ကနေ Sign up လုပ်ပါ။ Try Graph Search ကိုနှိပ်ပါ။ ကျွန်တော့် facebook account တစ်ခုကို အခုဆောင်းပါးရေးနေတဲ့အချိန်မှာစမ်းကြည့်တာတော့ ချက်ချင်းသုံးလို့ ရပါတယ်။ချက်ချင်းမရသေးရင်တော့ ခွင့်ပြုတဲ့အချိန်ထိစောင့်ရပါမယ်။
Use Facebook As A Dating SiteGraph Search ရသွားရင်တော့ Facebook ကို Dating Site တစ်ခုလို အသုံးပြုနိုင်မှာပါ။ Search box မှာ “Single women who live in yangon” လို့ ရိုက်လိုက်ရင် အောက်ကပုံမှာလိုမြင်ရမှာဖြစ်ပြီး  “Single women who live in yangon, burma “ ကိုနှိပ်ပါ။
ညာဘက် side bar က နေပြီး age,relationship,schools,degree,birth year,like pages,employee စတာတွေကို filter လုပ်ပြီးရှာနိုင်ပါတယ်။ ဘယ်လောက်မိုက်လဲကောင်မလေးတွေလိုက်ရှာရတာ ။ Open-mouthed smile Smile with tongue out
Find Your Missing Friends
အဆက်အသွယ်မရတဲ့ သင့်သူငယ်ချင်းတွေ ၊မိတ်ဆွေ တွေကိုရှာဖွေရတာလည်းတော်တော်အသုံးဝင်ပါတယ်။
Stalk High-Profile PeopleHigh-Profile People တွေကြိုက်နှစ်သက်တာတွေကို လိုက်ပြီးစပ်စုလို့ လည်းရပါသေးတယ်။ “Photos  Taylor Swift likes “ လို့ ရိုက်ရှာလိုက်ရင် Taylor Swift like လုပ်ထားတဲ့ ပုံတွေကို တွေ့ မြင်နိုင်ပါတယ်။
Taylor Swift like လုပ်ထားတဲ့ page တွေကို ရှာချင်ရင် “Pages Taylor Swift likes “ လို့ ရှာပါ။ဒါဆိုရင် Taylor Swift ရဲ့ liked pages တွေကို တွေ့ မြင်နိုင်ပါတယ်။
Research Your Travel Destinations
အားလပ်ရက်ခရီးထွက်ချင်တယ် ဒါပေမယ့် ဘယ်သွားရမှန်းလဲ မသိရင် သင့်သူငယ်ချင်းတွေ သွားဖူးတဲ့နေရာတွေကို ရှာလို့ ရပါတယ်။
Find Out About Your Workmates
သင့်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေအကြောင်းလေ့လာပါ။
Find Out More About Your Customersသင့်ရဲ့ brand page,fan page ကို like လုပ်ထားတဲ့ customer တွေတစ်ခြား ဘယ် page တွေကို ကြိုက်နှစ်သက်လဲဆိုတာ ရှာဖွေနိုင်ပါတယ်။
သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်
သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစာ:
ရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။
သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစားအစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။
ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။
ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။