![]() |
Add caption |
ဒီနေ့ဆရာကြီးမောင်သာရရဲ့စာလေးမန္တလေး ဂေဇက်မှာဖတ်မိတော့ တွေးစရာ ရေးစရာလေးတွေဖြစ်လာပါတယ်။ ပထမဆုံး ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်....ကဲကိုယ်ကိုတိုင်ကော အသက်ကြီးရင်ဘယ်သွားမှာလဲ။ အိမ်မှာပဲသားသမီးတွေနဲ့တူတူနေမှာလား.....ရိပ်သာကိုပဲသွားနေမှာလား....ဘယ်လိုကြိုတင်စဉ်းစားထားလဲအစရှိသဖြင့်ပေါ့
တွေးစရာဖြစ်လာပါတယ်။
ကျန်ခဲ့တဲ့ လေးလလောက်က အမျိုးသားရဲ့ဘက်ကအဘကြီးတယောက် အသက်က ၈၀
ကျော်လောက်ရှိပါပြီ။ သားသမီးတွေထားခဲ့ပြီး
ငယ်စဉ်တုံးကနောက်အိမ်ထောင်ပြုပြီး အိမ်ကထွက်သွားတော့
အသက်ကြီးလာချိန်မှာကျန်ခဲ့တဲ့သားသမီးတွေကလည်းသံယောဇဉ်ပြတ်ကာ ကြည့်
ရှုစောင့်ရှောက်လိုစိတ်မရှိပဲ ရန်ကုန်ကသဘာဝတရားရိပ်သာကိုပို့ပေးခဲ့ရပါတယ်။
အဘကြီးမှာ မသွားချင်ပေမဲ့လည်းကြည့်ရှုစောင့်ရှောက်မဲ့သူမရှိပြန်တော့
မသွားချင်ပေမဲ့လည်းသွားခဲ့ရပါတယ်။
သံလျှင်သဘာဝတရားရိပ်သာကိုရောက်ဖူးသူတိုင်းသိကြမှာပါ။
ဘိုးဘွားတွေကလည်းများလိုက်တာမပြောပါနှင့်၊အလှုရှင်တွေလည်းနေ့စဉ်လိုအပ်နေသလို၊
ဘိုးဘွားတွေကလည်းနေ့စဉ်ဝင်လာမဆဲတသဲသဲဆိုပါတော့၊ ဆရာတော်ရဲ့
စိတ်ဓါတ်နဲ့လုပ်ရပ်ကိုမ ချီးကျူးပဲမနေနိုင်ပါ။
သာမန်လူများမလုပ်နိုင်တဲ့အလုပ်တွေကို ပါရမီရှိသူများသာလုပ်နိုင်စွမ်းပါတယ်။
သစ်တပင်ကောင်းငှက်တစ်သောင်းနားဆိုပေမဲ့သစ်တပင်ကောင်းနေတာတောင် ငှက်တစ်သောင်း ကိုနားစေလိုတဲ့စိတ်ရှိမှ၊ စိတ်ရှိတာတောင် နားနိုင်မဲ့ အကြောင်းတရားတွေပြည့်စုံပါမှပါ။
ဘ၀တလျှောက်လုံးမှာ ရှိရှိသမျှလူအားလုံးဟာ ကိုယ့်အထွာလေးနဲ့ကိုယ်သွားနေကြရတာပါ။
အင်အားကြီးနိုင်ငံတွေလောက် ဖက်စလတီမပြည့်စုံပေမဲ့ ကျွန်မတို့မြန်မာတွေ
စေတနာသဒ္ဒါတရား နဲ့ပတ်သတ်လာရင် ဘယ်နိုင်ငံမှ မယှဉ်နိုင်လောက်ပါဘူး။ လက်တွေဘ၀ရဲ့ စားဝတ်နေရေးအတွက်အလုပ်လုပ်ရင်း၊ ကိုယ်ကိုတိုင် အသက်ကြီးလာမဲ့အချိန်ကိုမှန်းရင်း၊ ပြင်ဆင်စရာရှိ တာတွေပြင်ဆင်ထားသင့်နေပါပြီဟုတွေးရင်းနဲ့ပဲ စာလေးကိုအဆုံးသတ်လိုက်ပါတော့တယ်။
ပိုစ်တင်ချိန်။ ။ 1:30 (pm)
3.2.15
No comments:
Post a Comment