Tuesday, January 13, 2015

တရားရနိုင်သော နည်းလမ်းများ

တရားရနိုင်သော နည်းလမ်း ၃မျိုး ရှိပါတယ်။
၁ ။ ကျင့်ခြင်းဖြင့် ၄င်း
၂ ။ တရားနာ ခြင်းဖြင့် ၄င်း
၃ ။ တရားစကား ဆွေးနွေးခြင်းဖြင့် ၄င်း တရားရနိုင်ပါတယ်။

 





ကျင့်ခြင်းဖြင့်တရားရနိုင်ခြင်


တချို့ က တရားရရန်အတွက် ၀ိပဿသနာအလုပ်ကို ဘု၇ားရှေ့ မှာ တင်ပလ္လင်ခွေ ထိုင်ပြီး ကျင့်မှ ရနိုင်သည်ဟု ထင်ပြီး ၊ နောက်မှ လုပ်မယ် ၊ အားမှ လုပ်မယ် ၊ အချိန်မရှိသေးဘူး
စသည်ဖြင့် ဆင်ခြေပေးပြီး ၊ အချိန်ဆွဲ နေတတ်ကြပါတယ် ၊ ဗုဒ္ဓဘာသာဝင် အတော်များများ အမှတ်မှား ထားသော အချက် တခုရှိတယ်၊ ပထမအရွယ်တွင် ပညာရှာ၇မည် ။ ဒုတိယအရွယ် တွင် ဥစ္စာရှာ၇မည်။ တတိယအရွယ်တွင် တ၇ားရှာရမည်ဟု အမှတ်ထား ထားခဲ့ကြတယ် ၊ အလွန်မှားသော အယူအဆဖြစ် ပါတယ်၊ သေခြင်းတရားသည် အချိန်မရွေး ရောက်လာနိုင်တယ် မဟုတ်ပါလား ၊ သေမင်းကို အသက်ကြီးမှ လာခေါ်ပါလို့ တား ထားလို့မရပါ ၊ ဒါကြောင့် အသေမဦးခင် ဥာဏ်ဦးအောင် ကြိုး စားကြပါလို့  မိုးကုတ်ဆ၇ာတော် ဘုရားကြီးက တိုက်တွန်း ထားပါတယ် ၊
ပထမအရွယ်တွင် ဥာဏ်ထက်မြတ်တုန်း အ၇ွယ်ဖြစ်၍ တရား အားထုတ်လျင် အလျင်အမြန် ရနိုင်သည်ဟု ဆိုပါတယ် ၊ မြတ်စွာဘုရား လက်ထက်က ခွက်စွဲပြီး တောင်းစားနေသောသူအို  လင်မယားနှစ်ယောက် ဘုရားကျောင်း ရှေ့ သို့  ရောက် လာသောအခါ မြတ်စွာဘုရားက ထိုသူအို လင်မယား နှစ် ယောက်ကို အကြောင်းပြုပြီး ရဟန်းများကို တ၇ားဟော ပါ တယ်။ ထိုသူအို လင်မယားနှစ်ယေက်မှာ ကုဋေများစွာ ကြွယ် ၀သော သူဌေးများ ဖြစ်ခဲ့ကြတယ်၊ ပထမအရွယ်တွင် စီးပွါးရေး ကို ကောင်းမွန်စွာ လုပ်ကိုင်မည် ဆိုပါက ပထမတန်းစားသူဌေး ကြီးများဖြစ်မယ် ။ တ၇ားကို အားထုတ်မည် ဆိုပါက ၇ဟန္တာ အထိဖြစ်နိုင်တယ် ၊ ဒုတိယအရွယ်တွင် စိးပွါးရေးကို ကောင်းမွန် စွာ လုပ်ကိုင်မည် ဆိုပါက ဒုတိယတန်းစား သူဌေးကြီးများဖြစ် မယ်။ တရားအားထုတ်မည် ဆိုပါက အနာဂါမ် ဖြစ်နိုင်မယ် တတိယ အရွယ်တွင် စီးပွါး ဥစ္စာကို ကောင်းမွန်စွာ လုပ်မည်ဆိုပါ က တတိယတန်းစား သူဌေးကြီးများ ဖြစ်နိုင်သေးသည်။ တရားအလုပ် လုပ်မည်ဆိုပါက သောတပန် တည်နိုင်သေးသည် အခု တော့ ထိုအရွယ် သုံးပါးစလုံးကို အလဟသ ကာမဂုဏ်အာရုံတို့ ၌သာ လိုက်စား၍ အချိန်ဖြုံးခဲ့သောကြောင့် အခုအရွယ်တွင် စီးပွါးဥစ္စာများ ဆုံးရှုံပြီး တောင်းစား နေကြရတယ်လို့  ဟော ပြော ဆုံးမတော်မူခဲ့ပါတယ် ၊
တ၇ား ရနိုင်သောနည်း ၃ နည်းတွင် ပထမ နည်းဖြစ်သော ကျင့်၍ ရနိုင်သော နည်းဆိုသည်ကိုတော့ လူတိုင်းသိပြီး ဖြစ်ကြ ပါတယ် မြန်မာနိုင်ငံတွင် ၀ိပသနာတရားစခမ်း များစွာရှိပါ တယ် ၊ အဆိုပါ တရားစခမ်းများသို့  အချိန်ကာလ သတ်မှတ်ပြီးတရားဝင် တရားအားထုတ်ခြင်းဖြင့် ၄င်း ။ မိမိအိမ်တွင် အချိန် သတ်မှတ် ၍ တနေ့ တနာရီ နှစ်နာရီ စသည်ဖြင့်  ဘုရားစင်ရှေ့ တွင် ထိုင်ပြီး ၀င်လေထွတ်လေ အာနာပါဏမှ အစပြု၍ ၀ိပဿသနာတရား အားထုတ်ခြင်း ကိုဆိုလိုပါတယ် ၊ တကယ် တော့ ကျင့်၍အားထုတ်ခြင်းတွင် ၊ ဘုရားရှေ့တွင် ထိုင်၍ အား ထုတ်မှ ရနိုင်သည် မဟုတ်ပါ။ ထိုင်နေရင်း ၊ ထနေရင်း ၊ သွား နေရင်း ။ အိပ်နေရင်း အားထုတ်နိုင်ပါတယ် ၊ တရားရနိုင်ပါ တယ် ၊ ၀ိပဿသနာရှုသည် ဆိုသည်မှာ ခန္ဓာက ပြောတာကို ဥာဏ်ဖြင့် စောင့်ကြည့်တာ ၀ိပဿသနာ ဆိုသဖြင့် ၊ ခန္ဓာက လာပါ ကြည့်ပါ ရှုလှည့်ပါဟု အမြဲခေါ်နေတာကို စောင့်ကြည်ရုံ ပါဘဲ ၊ စောင့်ကြည့်သည် ဆိုသည်မှာ စိတ်ကလေး တခု ပေါ်လာ တယ် ။ ကောင်းတဲ့စိတ်ဖြစ်ဖြစ် မကောင်းတဲ့စိတ်ဖြစ်ဖြစ် ပေါ် လာတာကို စောင့်ကြည့်တဲ့ အလေ့အကျင့် ရှိသူဆိုပါက ထိုစိတ် ကလေး ရှိသေးလား မရှိတော့ဘူးလားလို့ ကြည့်နေပါ ၊ အဲဒါ ၀ိပဿသနာပဲ ဖြစ်ပါတယ် ၊ ဘု၇ားက လူတကိုယ်မှာ စိတ်နှစ်ခု တပြိုင်ထဲ မဖြစ်နိုင်။ တစိတ် ဖြစ်ပြိး နောက်စိတ်လာလျှင် ရှေ့စိတ်မရှိတော့ ပျက်ပေးရတယ် လို့ဆိုထားပါတယ် ၊ အဲဒါကို ဟုတ်မဟုတ် စောင့်ကြည့်ပေးပါ။  တ၇ားအားထုတ်သည် ဆိုသည်မှာ မည်သည့်အချိန်မဆို အားထုတ်လို့ ရပါသည်၊ ထမင်း စားနေရင်း ။ေ၇ချိုးနေငြ်း ။ အလုပ်လုပ်နေ၇င်း ။ ထမင်းချက်နေ၇င်း အားထုတ်နိုင်ပါသည်၊ ခန္ဓာပြောတာ ဥာဏ် ကစောင့်ကြည့်လို့  အော်ဟုတ်ပါလား မှန်လိုက်တာလို့ ကိုယ် တိုင် မှတ်ချက်ချနိုင်၇င် တ၇ားမြင်ပြီလို့ ဆိုနိုင်ပါတယ်။
တ၇ားနာရင်းဖြင့်လဲ တ၇ား ရနိုင်ခြင်း
တရားနာ၇င်းဖြင့် တရားရနိုင်ပါတယ်။ ဘု၇ားရှင်လက်ထက်က ဘု၇ားတ၇ားနာလို့  တ၇ားအဆုံးတွင် မည်သူ မဂ်လေးတန်၇၍ ၇ဟန္တာ ဖြစ်သွားတယ်။ မည်သူ သောတပန် တည်သွားတယ် ဆိုတဲ့ ဒေသနာများကို ကြားဘူးကြမည် ထင်ပါတယ် ၊
အနာတပိဏ် သူဌေးကြီး ဘု၇ားတ၇ားနာရင်း သောတပန် တည်သွားပုံ။ ပဒါစာ၇ီ အ၇ူးမအဖြစ်နှင့် ဘုရားတရားဟောနေ သော ဇရပ်ထဲ ရောက်လာပြီး၊ ဘုရားဟာသော တ၇ားအဆုံး တွင် သောတပန် တည်သွားတယ် စတဲ့ ၀တ္တုများကို ကြားဘူး ကြမည် ထင်ပါသည်။ တရားနာသည် ဆိုရာတွင် နားက တ၇ား နာ၇င်း ဥာဏ်က ခန္ဓာကို လှည့် ပြီး စူးစိုက်ကြည့်နေ့ ပါက
တရားနာ၇င်း တရားကျင့်သလို ဖြစ်နေပါတယ်။ ဟောကြားသော တရားနှင့် ခန္ဓာဟောတ၇ား တထပ်ထဲ ကျသွားသည်ကို ဟုတ် တာဘဲ မှန်တာဘဲ ခန္ဓာထဲမှာ ဒီလိုဖြစ်နေတာဘဲလို့ သိသွားတဲ့ အချိန်ဟာ တရားရတဲ့ အချိန်ဖြစ်ပါသည်။
တကယ်တော့ တရားနာမှုကို အရင်လုပ်လျင် ကောင်းပါသည်၊
မိုးကုတ် ကမ္မဌာန ဆ၇ာတော်များက အလုပ်စဉ်ကို ဟောရာ တွင် နာတဲ့ အတိုင်းလဲ သိကြပါစေ ၊ သိတဲ့ အတိုင်းလဲ ကျင့်ကြံ နိုင်ပါစေ၊ ကျင့်တဲ့အတွက် ဒီဘ၀ ဒီခန္ဓာ မစွန့်ကြခင်၊ ခန္ဓာအသိ နှင့် ဥာဏ်အသိကို သိပြီး မဂ်ဥာဏ်ဖိုဥာဏ် ၇ကြပါစေလို့ အလုပ်စဉ်ကလေးကို ထဲ့ဟောထားတာ တွေ့ ရတဲ့အတွက် တရားနားမှု၊ သိမှုကို အရင်လုပ်တာ ပိုကောင်းပါတယ်၊ ဘာမှ မသိသေးဘဲ သူများထိုင်သလို ထိုင်ဟဲ့ ရှူဟဲ့ လုပ်ဟဲ့ ဆိုပြီး ရမ်း လုပ်ရင် ၊ အသိဥာဏ် မပါတဲ့အတွက် တ၇ားရနိုင်မှာ မဟုတ်ပါ ၊
ဝိပဿသနာ အလုပ်သည် ဥာဏ်အလုပ် ဖြစ်ပါတယ် ၊

တရား ဆွေးနွေး၇င်းဖြင့်လဲ တရားရနိုင်ခြင်း

တရား ဆွေးနွေးတာဟာ တရားကျင့်တာ တမျိုးဖြစ်ပါတယ်၊ ဆွေးနွေးတယ် ဆိုတာ၊ ကိုယ့်စိတ်ထဲမှာ သံသယ ဖြစ်နေတာ၊ ရှင်းလင်းတာကို ကိုယ့်ထက် သိတဲ့ နားလည်တဲ့ သူထံမှာဖြစ်စေ ၊
တရား အားထုတ်ဖေါ် အချင်းချင်းဖြစ်စေ ဆွေးနွေး မေးမြန်း ရင်းဖြင့် အဖြေမှန် ရသွားပြီး၊ တရားသဘော ပေါက်သွားတာ ဖြစ်ပါတယ်။ ဥာဏ်အမြင် ရှင်းလင်းသွားတာကို တရားရသွား တယ်လို့ ဆိုနိုင်ပါတယ်၊ တရားရသွားတယ် ဆိုတာ၊ တရားကို နားလည် သဘောပေါက် သွားတာကို ဆိုလိုတာပါ။ ဘုရားရှင် လက်ထက်က ဘုရားထံ ကိုယ်မရှင်းလင်းတဲ့ အကြောင်းအရာ တွေကို လာမေးမြန်းပြီး အမှန်တရားကို နားလည် သဘော ပေါက် သွားတဲ့ သာဓကတွေ အများကြီးရှိပါတယ်။
အဂိဝစ္စပုဏ္ဏား ဘုရားထံ သတ္တ၀ါ သေရင်ဖြစ်သေးသလား ။ မဖြစ်တော့ဘူးလား ၊ အစချီပြီး နှိဗ္ဗာန် အကြောင်းကို မေးမြန်း အင်္ပြီးတွင် တ၇ားရသွားတဲ့ ၀တ္တုများ၊ သိကြားမင်း ဥယျဉ်ထဲ သွားပြီး နတ်သမီးများနဲ့ အပျော်အပါး မထွက်ခင်၊ မေးစရာ မေးခွန်းကလေး ရှိနေတာကို ၊ ဥယျဉ်ထဲရောက်ရင် မေ့သွားမှာ စိုးလို့ဆိုပြိး။ ဘုရားကို သွားမေးတယ်။ အရှင်ဘုရား လူတွေ၊ နတ်တွေ ဟာ အန္တရာယ်မကင်း ဘေးမရှင်းတာ ဘာကြောင့်ပါလဲ ဘုရား။ တဏှာ အမြန်သေစေတဲ့ နည်းဟာဘာလဲလို့  ဘုရားကို လျောက်ထားတော့ ဘုရားက ပြန်ဟောပြောလို့ တရား မဆုံး ခင်မှာ သိကြားမင်း သောတာပန် တည်သွားတယ် ဆိုတဲ့ဝတ္တု များ ကြားဘူးကြမယ် ထင်ပါတယ်။
ဒါဟာ တရား ဆွေးနွေး မေးမြန်းရင်းနဲ့ တရားရသွားတာ ဖြစ်ပါ တယ်။ တရားဆွေးနွေးတယ်၊ တရားဆွးနွေးတော့မယ် ဆိုသူ ဟာ သူအနေနဲ့ ဒီပြဿသနာတရပ်ကို ကြိမ်ဖန်များစွာ စဉ်းစား ရင်း လေ့လာရင်း၊ ကျိုးစားအားထုတ်ရင်း အဖြေမရနိုင်တဲ့ အတွက် မေးတာဖြစ်တဲ့အတွက် သူ့ နေနဲ့ တရားနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေခဲ့သူ ဖြစ်ပါတယ်၊ နောက်ဆုံး အသိဥာဏ် ဖွင့် ပေးသူက ပြာဖုံးနေသော မီးခဲကလေးကို လေမှုတ်ပေးလိုက် သလို မီးခဲလေး မီးတောက်လာတာ ဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေ သူတော်ကောင်း အပေါင်းတို့ ကို တရားရ နိုင်ဘို့ အတွက် မခက်ခဲဘူး၊ အလွယ်ကလေးနဲ့  ရနိုင်တဲ့ နည်း လမ်းတွေ ရှိပါတယ်လို့  လက်ဆင့်ကမ်း အသိပေးလိုက်တာပါ ၊
ဒီဘ၀ ဒီခန္ဓာ မစွန့် ကြသေးခင် ဥာဏ်ဦးနိုင်ကြပါစေ ၊

ဝန်ခံချက် ။ အထက်ပါ အသိတရားများကို ကိုယ်တိုင်းအသိနှင့် ရေးသားနိုင်ခြင်း မဟုတ်ပါ၊ ဆရာတော် သံယာတော်များ ဟောကြားသော တရားများကို နာကြားရသာ အသိဖြင့် ဖိုးသုည ထံမှ တဆင့်ပြန် လည် ဖေါက်သယ်ချခြင်းသာ ဖြစ်ပါတယ် ၊
မိုးကုတ်ဝိဿနာ ကမ္မဌာန စရိယဆရာတ်ာများ နှင့်  သိီတဂူဆရာတာ် ၊ အရှင်ဆန္ဒာဓိက ၊ ဆရာတော် ဦးဇောတိက တို့ ၏တရားများကိုကိုးကားပါသည်။
ပုထုဇင် လူသားတိုင်းသစ်တပင် ၀ါးတစ်ပင်အောက်မှာတရားအားမထုတ်နိုင်သေးပေမဲ့ ဒီစာလေးကို
ဖတ်ပြီး တခုခုကျန်ခဲ့မည်ဆိုလျှင် ကူးယူပြီး စာပြင်ပေးရကျိုးနပ်ပါပြီ။

စာဖတ်သူအားလုံး တရားထူးအမြန်ရနိုင်ကြပါစေ။
ပိုစ်တင်ချိန်။     ။ sweety january
                      14.1.15
                      11: 47

 

No comments:

Post a Comment