ဒီည Supermoon ညလေးပါ
ဘာတဲ့
ညအခါ
လသာသာ၊ ကစားမလား၊နားမလား သဲံပြိုင်ရွတ်ခဲ့ကြတာ
လကြီးကိုကြည့်ပီး ငယ်ငယ်တုံးကရွတ်ခဲ့တဲ့ကဗျာလေးကိုသတိယ
ခလေးဘ၀ ဘာအပူအပင်မှမရှိ ဆော့မယ် စားမယ် နဲ့ကြီးပြင်းလာခဲ့ကြ
ခုတော့လဲ အသက်တွေရ
တရားမရသေးပေမဲ့တရားတွေကျ
14.11.2016 (11: 25)
never goes away
သူတပါးကို အနိုင်မကျင့်တတ်သူသည် ဖြောင့်မတ်တည်ကြည်သူမည်၏ သူတပါးကို အပြစ်မယူတတ်သူသည် ခွင့်လွှတ်တတ်သူမည်၏ သူတပါး၏ အကြောင်းကောင်းမကောင်းကို ဖွေရှာ၍ မကြည့်ပါနှင့် ကိုယ်သာမူလ ပဓါန မို့ ကိုယ်၏ အကြောင်းကောင်းမကောင်းသာ စိစစ်ပါ။
Monday, November 14, 2016
Monday, October 31, 2016
Saturday, October 1, 2016
Sunday, April 24, 2016
ပုဂံခရီးစဉ်လေး
နွေအားလပ်ရက်မှာ ပုဂံသို့ရောက်ခဲ့တယ်။ ဘယ်နှစ်ခါသွားသွား ပျင်းတယ်ရယ်လို့မရှိတာ ရှေးဟောင်းအမွေအနှစ်တွေ ပေါများတဲ့ပုဂံမြေပါဘဲ။ အနော်ရထာမင်းကြီးတည်ခဲ့တဲ့ မင်းနေပြည်တော်ကို အမြန်ရောက်ဖို့စိတ်စောရင်း ခရီးနှင်ခဲ့တာ ခုတော့ရောက်ပါပီ ။
HELLO BAGAN
ပထမဆုံးဖူးတဲ့ ထီးလိုမင်းလိုဘုရားကြီး ခန့်ညားပီး ကျက်သရေရှိတယ်လို့ခံစားရတယ်။
ဒါက သရပါတံခါး ပေါ့ အ၀မုဒ်ဦးမှာ အိမ်တွင်းမင်းမဟာဂီရိနတ်နန်းကိုတွေ့ခဲ့တယ်။
ဧရာဝတီမြစ်ကြီး ကိုကြည့်ပီးစိတ်မကောင်းစရာ သောင်တွေထွန်းနေပေါ့
ဗူးဘုရားပေါ်မှမြင်နေရတဲ့ မြစ်ကြီးဧရာဝတီ
ပုဂံရောက်ရင် အာနန္ဒာဘုရားက မဖူးမဖြစ်ဖူးရမဲ့ ဘုရားပါ။ တံခါးလေးပေါက်မှာ သပ္ပါယ်စွာနဲ့ရှိနေတဲ့ ဘုရားလေးဆူဖြစ်ပီး ရှေ့ကဖူးရင် မျက်နှာတော်က တစ်မျိုး တဲ့တဲ့ဖူးရင်း မျက်နှာတော်ကတစ်မျိုး ဖြစ်နေ တာ သေချာဖူးရင်မြင်နိုင်ပါတယ်။
မြန်မာရိုးးရာ အိုးပုတ်လေးတွေ
ညဘက်မှာ ရွှေစည်းခုံဘုရားဖူးကြတယ်
ရွှေစည်းခုံးဘုရားကြီးက အဝေးကဖူးရင် တောင်ကုန်းပေါ်မှာ တည်ထားတယ်လို့ စိတ်ထဲက ထင်ရပေမဲ့တကယ်တော့မြေပြန့်မှာသာတည်ထား တာကိုတွေ့ရပါတယ်။
လမ်းမှာသွားရင်းလာရင်းတွေ့ခဲ့ရတဲ့ သစ်သားရုပ်ထုလေး
ဘုရားဖူးရင်း မန်ကျည်ပင်အောက်မှာ အကြော်ဝင်စားကြတာ |
ဘုရားဈေးက ၀ယ်ချင်စရာ လက်ဆောင်ဆိုင်ခန်းလေးများ |
![]() | |||||||||
တုရင်တောင်ပေါ်မှ ပန်းနံရံလေး ကြည့်ရင်းနဲ့အေးနေတာဘဲ ပြန်တောင်မဆင်းချင်တော့ဘူး | ။ |
ဘုရားတွေကများတော့ ရေးမယ်ဆို ရေးလို့မကုန်အောင် များလှတာကြောင့် ခရီးစဉ်အချို့ကိုပဲ မှတ်တမ်းတင်ခဲ့ပါတယ်။
အပြန်ခရီးမှာ ဇော်ဝင်းထွဋ် ရဲ့ အားလုံးရဲ့ပုဂံသီချင်းလေး နားထောင်ပြီး နောက်တစ်ခေါက် ပုဂံမြေကို ပြန်လာဖို့တွေးရင်း ပြန်ခဲ့ပါတော့တယ်။
နှုတ်ဆက်ခဲ့ပီ ****** ပုဂံမြေရေ..........
Saturday, January 16, 2016
စွယ်တော် လေးဆူ
ပုဂံဒေသရှိ စွယ်တော်လေးဆူ
ပုဂံဒေသတွင် အနော်ရထာမင်းလက်ထက်က ဗုဒ္ဓမြတ်စွယ်တော်ပွားကို တည်ထားကိုးကွယ်သည့် စေတီလေးဆူရှိပါတယ်။ ထိုစေတီလေးဆူကတော့ - ရွှေစည်းခုံစေတီတော်၊ တန့်ကြည့်တောင်စေတီတော်၊ လောကနန္ဒာစေတီတော် နှင့် တုရင်းတောင်စေတီတော် တို့ ဖြစ်ပါတယ်။ စွယ်တော်လေးဆူစလုံးအား တစ်နေ့တာအတွင်း လှူဖွယ်ပစ္စည်း အညီအမျှ ကပ်လှူပူဇော်ပြီး တူညီသောဆုကို တောင်းလျင် ပြည့်ဝမည်ဟု ယုံကြည်ကြပါတယ်။
ပုဂံဒေသတွင် အနော်ရထာမင်းလက်ထက်က ဗုဒ္ဓမြတ်စွယ်တော်ပွားကို တည်ထားကိုးကွယ်သည့် စေတီလေးဆူရှိပါတယ်။ ထိုစေတီလေးဆူကတော့ - ရွှေစည်းခုံစေတီတော်၊ တန့်ကြည့်တောင်စေတီတော်၊ လောကနန္ဒာစေတီတော် နှင့် တုရင်းတောင်စေတီတော် တို့ ဖြစ်ပါတယ်။ စွယ်တော်လေးဆူစလုံးအား တစ်နေ့တာအတွင်း လှူဖွယ်ပစ္စည်း အညီအမျှ ကပ်လှူပူဇော်ပြီး တူညီသောဆုကို တောင်းလျင် ပြည့်ဝမည်ဟု ယုံကြည်ကြပါတယ်။
ရွှေစည်းခုံစေတီတော်။ ။ သီရိလင်္ကာနိုင်ငံမှ ပထမဝိဇယဗာဟုမင်းကြီးသည်
အနော်ရထာမင်းအား ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံနှင့် ဆင်ဖြူတော်တစ်စီး
အကူအညီတောင်ခံခဲ့သည်။ အနော်ရထာမင်းမှ ကူညီသဖြင့် ဗုဒ္ဓမြတ်စွယ်တော်အစစ်မှ
ပွားထားသော စွယ်တော်ပွားအား အနော်ရထာမင်းအား ဓမ္မလက်ဆောင် ပြန်ပေးခဲ့သည်။
ညောင်ဦးမြို့မှ အနောက်တောင်ဖက်ရှိ ဧရာဝတီမြစ်ကမ်းနဖူးတွင် သိရိလင်္ကာမှ
စွယ်တော်ပွားအား ဌာပနာပြီး ဥာဏ်တော် ၁၆၀ပေ၊ ဖိနပ်တော်အကျယ် ၁၆၀ပေ ရှိသော
ရွှေစည်းခုံစေတီကို တည်ထားကိုးကွယ်သည်။ အနော်ရထာမင်းလက်ထက်တွင် စတည်သော
ရွှေစည်းခုံစေတီမှာ ကျန်စစ်သားမင်းလက်ထက်တွင် ပြီးဆုံးအောင်
တည်ထားနိုင်ခဲ့သည်။

တန့်ကြည့်တောင်စေတီတော်။ ။ အနော်ရထာမင်းသည် သီရိလင်္ကာမှ ပထမဝိဇယဗာဟုမင်းမှ ပေးပို့သော စွယ်တော်ပွားကို ပြန်လည်ပွားထားလိုက်သည်။ ပြီးနောက် အသာကမင်း တည်ထားခဲ့သော တန့်ကြည့်တောင်ပေါ်ရှိစေတီထဲတွင် ထပ်မံပွားထားသော စွယ်တော်ပွားတစ်ဆူအား ဌာပနာပြီး ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခဲ့သည်။
လောကနန္ဒာစေတီတော်။ ။ အနော်ရထာမင်းသည် လောကနန္ဒာသင်္ဘောဆိပ်အနီးရှိ
ကုန်မြင့်ပေါ်တွင် ဒုတိယစွယ်တော်ပွားအား ဌာပနာပြီး ပျူ-မြန်မာ
ဗိသုကာလက်ရာများကို ပေါင်းစပ်ပြီး လောကနန္ဒာစေတီကို တည်ထားခဲ့သည်။
တုရင်းတောင်စေတီတော်။ ။ တုရင်းတောင်သည် ပုဂံ၏ အရှေ့တောင်ဘက်
ခြောက်မိုင်ခန့် အကွာတွင်ရှိပြီး ပုဂံမြို့ပြ၏ နယ်နိမိတ်အစလည်းဖြစ်သည်။
သက္ကရာဇ် ၄၂၁ခုနှစ်တွင် အနော်ရထာမင်းသည် ဆင်ဖြူတော်ပေါ်တွင်
တတိယစွယ်တော်ပွားအားတင်ပြီး အဓိဌာန်ပြုပြီး လွှတ်လိုက်တယ်။
တုရင်းတောင်အရောက်တွင် ဆင်ဖြူတော်မှာ တုံ့ဝပ်လိုက်သဖြင့် ထိုတောင်ပေါ်တွင်
စွယ်တော်ပွားအား ဌာပနာပြီး တုရင်းတောင်စေတီကို တည်ထားကိုးကွယ်သည်။
Thursday, December 3, 2015
ပျော်ရွှင်စရာ တန်ဆောင်တိုင်စတုဒီသာညလေး
Tuesday, September 1, 2015
Subscribe to:
Posts (Atom)